Mi 4c ကို စက်တင်ဘာ ၂၂ ရက်တွင် Xiaomi ပွဲထုတ်မိတ်ဆက်မည်

12032814_10153196173997825_8143472906532783500_.jpg

ကုမ္ပဏီ၏ လူသိများထင်ရှားသော ထုတ်ကုန်သစ်တစ်ခုကို စက်တင်ဘာ ၂၂ ရက်တွင် ဖြန့်ချိမည် ဖြစ်ကြောင်း Xiaomi က တရားဝင်ဖိုရမ်ပေါ်တွင် ကြေညာခဲ့သည်။

အဆိုပါ စမတ်ဖုန်းသစ်နှင့် ပတ်သက်၍ ကုမ္ပဏီက အသေးစိတ် ပြောကြားခဲ့ခြင်း မရှိဘဲ ၎င်း၏အမည်က Mi 4c ဖြစ်ကြောင်းသာ ဖော်ပြခဲ့သည်။ အဆိုပါ သတင်းသည် Xiaomi က ဈေးသက်သာသော phablet ဖြစ်သည့် RedMi Note 2 ကို ဖြန့်ချိပြီး ရက်သတ္တပတ် အတန်ကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ Mi 4 တွင် quad-core 2.5GHz Snapdragon 801 processor နှင့် ၅ လက်မ display အပြင် 13MP Sony camera sensor တို့ကို အသုံးပြုထားသည်။ Mi 4c တွင် ပါဝင်သည့် ‘c’ သည် အရောင်အသွးစုံလင်ကို ဖော်ပြခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆိုသည်။ လက်ရှိတွင် Mi 4 ကို အနက်နှင့် အဖြူဖြင့်သာ ရရှိနိုင်သည်။

Ref: 9to5Google