LG Microwave

LG-Microwave-AT-online-newproduct-2015Sep3.jpg

တောင်ကိုရီးယား နိုင်ငံထုတ် LG အမှတ်တံဆိပ် MS-2343 မော်ဒယ် microwave ဖြစ်သည်။ အစားအစာများကို ကင်ရန် အပူပေးချောင်းအသစ် Quartz Heater ကို
အသုံးပြုထားသည့်အတွက်  သာမန်အပူချောင်းများထက်ပို၍ အန္တရာယ်ကင်းရှင်းစေမည့်အပြင် လျင်မြန်စွာ ကျက်လွယ်နိုင်သည်ဟု သိရသည်။ I-Wave အပူလှိုင်းစနစ်ဖြင့် အစားအသောက်များကို ပိုမိုလျှင်မြန်စွာ အကျက်ညီစေနိုင်မည် ဖြစ်သည်။ အဆိုပါမီးဖိုတွင် အသား၊ ငါး၊ ကြက်နှင့် ပေါင်မုန့်များကို မိမိစိတ်ကြိုက် လိုအပ်သလို ချက်ပြုတ်နိုင်သည်။ ချက်ပြုတ်ပြီးစီးချိန်ကို သိရှိနိုင်မည့် Cooking Alarm လည်း ပါဝင်သည်။ ကလေးငယ်များကို အန္တရာယ်ဖြစ်စေခြင်းမှ ကာကွယ်ပေးသော Child Safety Lock စနစ်ကိုလည်း ထည့်သွင်းပေးထားသည်။ Microwave ဆွဲအား မှာ 800Watt ဖြစ်သည်။ တန်ဖိုးမှာ ၁ဝ၉,ဝဝဝ ကျပ်ဖြစ်ပြီး  ဖုန်း ၀၁-၃၇၉၉၅၄ နှင့် ၀၁-၃၇၉၉၅၅ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။