PlayStation 2 အတွက် Winning Eleven 2016

PS2-AT-online-gamenews-2015Sep10.jpg

PS2 အတွက် Winning Eleven 2016 အမြန်အခွေမှာ Version 1 အနေဖြင့် ထွက်ရှိလာကြောင်း သိရသည်။

” ယခု version မှာ Data-base ပိုင်းကို အဓိကပြင်ဆင်ထားတာ တွေ့ရပါတယ်။ ကစားသမားတွေ ရဲ့ အသက်၊ အရပ်၊ အမြင့်၊ အလေးချိန်၊ ကစားတဲ့နေရာ၊ မိမိစိတ်ကြိုက်ကစားမယ့်နေရာ ဘယ် (or) ညာ၊ ကစားသမားရဲ့လက်ရှိဆံပင်ပုံစံ၊ abilities အတက်အကျတွေကို အဓိက ပြင်ဆင်ထားတာကို တွေ့ရမှာဖြစ် ပါတယ်။ နောက်တစ်ခုက Menu ပိုင်းကို ဆန်းသစ်မှုဖြစ်သွားအောင် ပြင်ဆင်ထားတာကိုလည်း တွေ့ရမှာပါ။ နောက် Version တွေမှာ ဒီထက်ပိုတဲ့ အပြောင်းအ လဲတွေတွေ့ရမှာပါ” ဟု  PHYO IT PLAZA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အသုံးပြုလိုသူများအနေဖြင့်   PHYO IT PLAZA (Mobile Phone & Game Distribution) မန္တလေး၊ ဖုန်း ဝ၂-၃၃၄၃၁ ၊  New Sony ရန်ကုန်၊ ဖုန်း ၀၉-၇၈၅၁၆၁၇၀၇၊ ဆန်းဦး TV Game ဖုန်း ၀၉-၅၀၅၀၉၀၄ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။