e-Government နှင့် Cyber Security တို့အား အဓိက ဆောင်ရွက်နေ

Update-News_5.jpg

e-Government နှင့် Cyber Security တို့အား အဓိကထား ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ပြည်တော်စုဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။

ယနေ့ ကျင်းပသော Myanmar Connect 2015 အခမ်းအနားတွင် ပြောကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အဓိကကျ အရေးပါသော နည်းပညာဆိုင်ရာများကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍအတွက် အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေ၊ အခြေခံ အဆောက်အအုံတွေ၊ နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ လိုအပ်ပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်တွင်း၌ ICT Eco System ဖွံ့ဖြိုးရေးမှာလည်း အရေးကြီးသော အချက်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“ဆော့ဖ်ဝဲ၊ Hardware ဖွံ့ဖြိုး တိုးတက်ရေး အရေးကြီးသလို ပြည်တွင်း လူငယ်စွန့်ဦးတီထွင်သူတွေလည်း အရေးပါလာတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

Broadband အင်တာနက်ကြီးများ ဖွံ့ဖြိုးရန်လိုအပ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ Myanmar Communication Regulatory Commision ကို တည်ထောင်လျက်ရှိကြောင်း၊ မြန်မာ့စာတိုက် ဥပဒေသစ်ကို ရေးဆွဲလျက်ရှိကြောင်း၊ Telecommunication Master Plan ကိုလည်း အ ကောင်အထည်ဖော်လျက်ရှိကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။