နီပေါနိုင်ငံထုတ် မိုဘိုင်းဟန်းဆက် တစ်မျိုးကို ရန်ကုန်မြို့၌ စတင်ဖြန့်ဖြူးမည်

12036857_1160248513990675_5796042820526180055_n.jpg

နီပေါနိုင်ငံအခြေစိုက် Colors Mobile အမည်ရှိ ဟန်းဆက်အသစ်တစ်မျိုးကို ရန်ကုန်မြို့၌ အောက်တိုဘာလ ပထမအပတ်အတွင်း စတင်ဖြန့်ချိ သွားမည်ဟု ဒေသတွင်း အရောင်းမန်နေဂျာဖြစ်သူ ကိုအောင်က ပြောသည်။

အဆိုပါ ဟန်းဆက်အသစ်တစ်မျိုးကို မတ်လအတွင်း မန္တလေးမြို့၌ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့၌ ဆက်လက်ဖြန့်ချိသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ တင်သွင်းဖြန့်ချိမည့် ဟန်းဆက်များသည် ဈေးနှုန်းနိမ့် ဟန်းဆက်များဖြစ်ပြီး ငွေကျပ် ၁ သောင်းခွဲမှ ငွေကျပ် ၁ သိန်း ၇ သောင်းခွဲအတွင်းသာ တည်ရှိသည်ဟု သိရသည်။

“နိုဝင်ဘာလလောက်မှာတော့ High Class ဟန်းဆက်တွေ တင်သွင်းသွားဖို့ရှိတယ်။ အဲဒါတွေကလည်း ဈေးနှုန်းအနေနဲ့ ၂ သိန်းလောက်ပဲ ရှိပါမယ်” ဟု ကိုအောင်က ဆိုသည်။

အဆိုပါဟန်းဆက်များသည် မန္တလေးမြို့၌ လစဉ် အလုံးရေ ၁ သောင်းခန့် ရောင်းချနေရကြောင်း၊ ၎င်းတို့အနေဖြင့် နောက် ၆ လအတွင်း ဟန်းဆက် အလုံးရေ နှစ်ဆ ပိုမိုရောင်းချလာရမည်ဟု မျှော်မှန်းထားကြောင်း ကိုအောင်က ပြောသည်။

Colors Mobile ဟန်းဆက်များအတွက် Service ဝန်ဆောင်မှုပေးရန် Mobile Service လုပ်ငန်းများ လုပ်ကိုင်နေသည့် MMIT နှင့် ချိတ်ဆက်ထားပြီး ပြင်ဆင်မှု အတွက် အာမခံကာလအတွင်း ပစ္စည်းနှင့်လက်ခဖိုးအတွက် အခမဲ့ လုပ်ကိုင်ပေးသွားမည်ဟု သိရသည်။