Dark Mode အား Windows 10 တွင် Enable ပြုလုပ်ခြင်း

windows-10-dark-mode-enabled.jpg

အလင်းရောင် မခံနိုင်သော Windows 10 အသုံးပြုသူတွေ အနေနဲ့ Dark Mode ကို Enable ပြုလုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ အမြဲအသုံးပြုပြီး အလင်းရောင်ကို ကြာရှည်စွာ မခံစားချင်သူများအတွက် အသုံးဝင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ Windows 10 မှာပါဝင်တဲ့ Color Scheme တွေထဲက အရောင်တွေဟာ ကိုယ့်ရဲ့မျက်စိကို ရေရှည်အသုံးပြုတဲ့အခါမှာ ထိခိုက်မယ်ဆိုရင် Dark Mode ကို Enable ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Dark Mode ကို Enable ပြုလုပ်ဖို့အတွက် ပထမဆုံးကိုယ့်ရဲ့ Registry ကို backup ပြုလုပ်ထားသင့်ပါတယ်။ Dark Mode ကို Enable ပြုလုပ်ရာမှာ Registry ကနေ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် Registry ဖိုင်ကို backup ပြုလုပ်ထားခြင်းဟာ ပိုမိုအန္တရာယ် ကင်းရှင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

Dark Mode ကို Enable ပြုလုပ်ရန်အတွက် Win + R key ကိုနှိပ်ပြီး Regedit ဆိုတဲ့ command ကို Run box မှာ ရိုက်ထည့်လိုက်ပါ။ Registry Editor box ကျလာရင် အောက်ဖော်ပြပါ လမ်းကြောင်းအတိုင်း သွားရမှာဖြစ်ပါတယ်။ အဆင့်လိုက်သွားရမယ့် လမ်းကြောင်းကတော့ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Themes\ဆိုတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။

Themes ကိုရောက်ပြီဆိုရင် Key တစ်ခု ပြုလုပ်ရပါမယ်။ Themes ကို Select ပြုလုပ်ပြီး Right-click နှိပ်လိုက်ပါ။ New ဆိုတာကို ရွေးချယ်ပြီး Key ဆိုတဲ့ button ကို နှိပ်ရမှာဖြစ်ပါတယ်။ ပြီးသွားရင် အဆိုပါ ပြုလုပ်ထားတဲ့ Key ကို Personalize ဆိုတဲ့ အမည်သတ်မှတ် ပေးရပါမယ်။ နောက်တစ်ဆင့်ကတော့ Personalize ကို select မှတ်ပါ။

ညာဘက် အခြမ်းမှာ Right Click ပြုလုပ်ပြီး New ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အဆိုပါ နေရာမှာ DWORD (32bit) value ဆိုတဲ့ button ကိုရွေးပေးလိုက်ပါ။ အမည်ကိုတော့ AppsUseLightTheme ဆိုတဲ့ အမည်ပေးရပါမယ်။ အဆိုပါ DWORD ကိုတော့ တန်ဖိုးသတ်မှတ်စရာ မလိုသေးပါဘူး။

နောက်တစ်ဆင့်ကတော့ ဖော်ပြပါလမ်းကြောင်းအတိုင်း သွားရပါမယ်။ လမ်းကြောင်းကတော့ HKEY_CURRENT_USER\SOFTWARE\
Microsoft\Windows\CurrentVersion\Themes\Personalize\ ဆိုတဲ့လမ်းကြောင်း ဖြစ်ပါတယ်။ ပြီးသွားရင် Personalize ဆိုတာကို Select ပြုလုပ်ထားပါ။ Select ပြုလုပ်ပြီးရင် ညာဘက်အခြမ်းမှာ Right Click ပြုလုပ်ပြီး New ကိုရွေးပါ။ DWORD (32bit) value ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အဆိုပါဖိုင်ကို AppsUseLightTheme ဆိုတဲ့ အမည်ပေးရပါမယ်။ AppsUse LightTheme ကို Double-click နှိပ်လိုက်ရင် ဖိုင်ရဲ့တန်ဖိုးကို ပြပေးပါမယ်။ Default အနေနဲ့ 0 အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဆိုပါ အဆင့်တွေ ပြီးသွားရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပြီး Login ပြန်ဝင်လိုက်တယ်ဆိုရင် Dark Mode ကို စတင်အသုံးပြု နိုင်ပြီဖြစ်ပါတယ်။ Dark Mode ဟာ ပြီးပြည့်စုံတဲ့ Feature တစ်ခုတော့ မဟုတ်ပါဘူး။ Dark Mode ကို အသုံးပြုခြင်းကြောင့် Windows ရဲ့ Title bar တွေဟာ အရောင်ရောပြီး ပျောက်ဆုံးနေတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။