Cinnamon 2.4 အား Ubuntu OS တွင် ထည့်သွင်းခြင်း

nemo-file-manager-24-750x368.jpg

Cinnamon ဆိုတာကတော့ ပုံမှန်အသုံးပြုနေကျ Ubuntu OS ပေါ်မှာမြင်ရတဲ့ သွင်ပြင်တွေကို ပြောင်းလဲပြီး လှပတဲ့ ဒီဇိုင်းတွေနဲ့ အသုံးပြုနိုင်စေရန်အတွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Cinn amon 2.4 မှာ Zoom Animation ပါဝင်လာမှာဖြစ်ပြီး၊ Desktop font တွေကိုလည်း လိုအပ်သလို ချိန်းနိုင်ရန် စီစဉ်ပေးလာပါတယ်။ ဒါ့အပြင် အခြားသော Feature များစွာကိုလည်း ထည့်သွင်းပေးထား ပါသေးတယ်။

Cinnamon ကို ထည့်သွင်းရန်အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Cinnamon ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:gwendal-lebihan-dev/cinnamon-nightly

sudo apt-get update && sudo apt-get install cinnamon

ဆိုတဲ့ Command တွေဖြစ်ပါတယ်။ အဆိုပါ Command ကို အသုံးပြုပြီးရင်တော့ Cinnamon နဲ့ ပတ်သက်တဲ့ Package တွေကို download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Install ပြုလုပ်ပြီး သူတွေအနေနဲ့ Version upgrade ပြုလုပ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ command တွေကို အသုံးပြုရပါမယ်။ အသုံးပြုရမယ့် Com-mand တွေကတော့ –

sudo apt-get update && sudo apt-get dist-upgrade

sudo apt-get purge cinnamon

ဆိုတဲ့ command တွေဖြစ်ပြီး Terminal မှာရိုက်ထည့် ပေးရမှာဖြစ်ပါတယ်။ အဆိုပါ အဆင့်တွေ အားလုံးပြီးသွားပြီဆိုရင် Ubuntu OS ကို Restart ပြုလုပ်ပေးရပါမယ်။ Restart ကိုအမြန်ဆုံး ပြုလုပ်မယ်ဆိုရင် Terminal မှာsudo shutdown -r now ဆိုတဲ့ command နဲ့ Restart ကို အလျင်အမြန် ပြုလုပ်နိုင်ပါတယ်။