40MP ကင်မရာတွေပါဝင်လာတဲ့ Huawei Mate 30 နဲ့ Mate 30 Pro

Huawei ဟာ တရုတ်၊ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ဖိအားရှိနေပေမယ့် Mate 30 ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။

Huawei Mate 30 Pro

Huawei Mate 30 Pro မှာအကောင်းဆုံးလို့ပြောရမယ့် ကင်မရာတွေ ပါဝင်လာလာပါတယ်။ P30 Pro က 40MP Super Sensing ကင်မရာနဲ့ Cine Camera လို့ခေါ်တဲ့ 40MP ultra wide ကင်မရာလည်း ပါဝင်လာပါတယ်။ အဲဒီ ကင်မရာနှစ်လုံး မှာ ဗီဒီယို bokeh ရိုက်ကူးနိုင်အောင် 3D ToF sensor အသုံးပြုထားပါတယ်။

ကျောဘက်က တတိယမြောက်ကင်မရာကတော့ 8MP ဖြစ်ပြီး 3x optical zoom (80mm focal length) နဲ့ 5x optical hybrid zoom တို့ပါဝင်လာပါတယ်။ နှိုင်းယှဉ်ချက်အရ P30 Pro ဖုန်းမှာတော့ 5x optical နဲ့ 10x hybrid zoom ကင်မရာ ပါဝင်လာပါတယ်။ ဖုန်းရဲ့ tele နဲ့ wide ကင်မရာတွေမှာလည်း Optical Image Stabilization ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာ 48MP sensor နှစ်ခုက ကြီးမားပြီး aperture လည်းကျယ်ပါတယ်။ အဓိက ကင်မရာမှာ 1/1.7” sensor နဲ့ f/1.6 aperture တစ်ခုစီပါဝင်လာပါတယ်။ Cine camera မှာတော့ 1/1.54” sensor နဲ့အတူ 3:2 aspect ratio နဲ့ f/1.8 apeture နဲ့ ultra wide lens တစ်ခုတို့ ပါဝင်လာပါတယ်။

Huawei Mate 30 Pro ကလည်း ဗီဒီယိုရိုက်ကူးမှု အလွန်အားရစရာ ဖြစ်ပါတယ်။ ကင်မရာက 4K 60fps ဗီဒီယိုရိုက်ကူးနိုင်ပြီး slow-motion mode နဲ့လည်း frame rate မြင့်မားတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်အောင် ထောက်ပံ့ထားပါတယ်။ ဖုန်းမှာ 720p နဲ့ 7,680fps စိတ်လှုပ်ရှားဖွယ်ရာ ဗီဒီယိုတွေရိုက်ကူးနိုင်ပါတယ်။ ပျော်စရာကောင်းတဲ့ feature နောက်တစ်ခုကတော့ HDR+ အရောင်တွေနဲ့ 4K time lapse ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။ အလင်းအားနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ဗီဒီယိုကင်မရာကို ISO 52,000 အထိ မြှင့်တင်နိုင်ပါတယ်။

Mate 30 Pro ရဲ့ 32MP selfie ကင်မရာကို 3D scanning အရာဘေးနားမှာ ထည့်သွင်းထားပါတယ်။ အဲဒီ sensor ဟာ လက်အမူအရာတွေကို သိနိုင်ပြီး Huawei ကထုတ်လုပ်တဲ့ Da Vinci NPU နဲ့ပေါင်းစပ်ထားပါတယ်။ NPU မှာ AI Auto-Rotate အသုံးပြုထားပြီး သုံးစွဲသူဦးခေါင်းကို ခြေရာခံပြီး UI ကိုအသုံးပြုဖို့ ခန့်မှန်းမှုထက် accelerometer အခြေခံထားပါတယ်။

Huawei Mate 30 Pro မှာ Kirin 990 chipset နဲ့ 7nm+ EUV လုပ်ငန်းစဉ်နဲ့တည်ဆောက်ထားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Mali-G76 MP16 GPU နဲ့ အဆင့်မြှင့်တင်ထားတဲ့ GPU Turbo တို့ပါဝင်လာပါတယ်။

Huawei Mate 30 Pro မှာမျက်နှာပြင် ၆.၅၃ လက်မ display နဲ့အတူ အနားကွေးထားပါတယ်။ အဲဒီဒီဇိုင်းကို Horizon Display လို့ Huawei ကခေါ်ဆိုပါတယ်။ အဲဒီ display မှာ OLED panel နဲ့အတူ 1,176x 2,400px ရုပ်ထွက်အရည်အသွေး၊ HDR နဲ့ DCI-P3 အရောင် gamut တို့ပါဝင်လာပါတယ်။ အဲဒီ display မှာ Always On Mode နဲ့ M-Pen stylus ထောက်ပံ့မှု ပါဝင်လာပါတယ်။

ဖုန်းရဲ့ဘေးဘက်မှာ display ပါဝင်ပြီးနောက် Huawei က virtual ခလုတ်တွေကို ထည့်သွင်းခဲ့ပါတယ်။ ကင်မရာအတွက် အသံခလုတ်ကနေ shutter ခလုတ်တွေအထိ ထည့်သွင်းခဲ့ပါတယ်။
Mate 30 ဖုန်းတွေမှာ Android 10 နဲ့ EMUI 10 ကိုအသုံးပြုထားပြီး Google Play Services တွေနေရာမှာ အခြားဝန်ဆောင်မှု အသုံးပြုထားပါတယ်။

Huawei အနေနဲ့ ကိုယ်ပိုင်ကြိုးမဲ့အားသွင်းစနစ် နည်းပညာကို အဆင့်မြှင့်တင်ထားပြီး ဘက်ထရီ 4,500mAh ဘက်ထရီထဲကို 27W အထိ ထည့်သွင်းထားပါတယ်။ ကြိုးနဲ့အားသွင်းမယ်ဆိုရင် 40W ဖြစ်ပါတယ်။ Samsung ရဲ့ အားသွင်းမြန်ဆန်တဲ့စနစ်က 25W ဖြစ်ပြီး Apple ကတော့ 18W ပဲရှိပါတယ်။

Huawei ဟာ ချိတ်ဆက်မှုပိုင်းမှာ Mate 30 Pro အတွင်း စုစုပေါင်း အင်တာနာ၂၁ ခု ထည့်သွင်းထားကာ ၁၄ ခုကတော့ 5G အတွက်ဖြစ်ပါတယ်။ 5G လှိုင်းတွေကို ၈ ခုထောက်ပံ့ပေးထားပြီး (Samsung Galaxy Note10+ 5G က ၃ ခုပဲ ထောက်ပံ့ပေး) Mate 30 Pro 4G ဗားရှင်းကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။

Huawei Mate 30 Pro မှာ RAM 8GB နဲ့ 128GB နဲ့ 256GB storage နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။ Nanmeter ကတ်ပေါက်ကြောင့် storage 256GB ကိုစိုက်နိုင်ပါသေးတယ်။ Mate 30 Pro မှာအနက်၊ ငွေရောင်၊ ခရမ်းရောင်နဲ့ အစိမ်းတို့ ပါဝင်လာပါတယ်။

Mate 30 Pro ရဲ့အထူးဗားရှင်းဖြစ်တဲ့ vegan leather လည်းရှိသေးပြီး လိမ္မော်နဲ့ အစိမ်း ၂ မျိုးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဖုန်းက IP68 ရေစိုဒဏ်ခံနိုင်ပါတယ်။

Huawei Mate 30 Pro (4G မော်ဒယ်) မှာ RAM 8GB နဲ့ storage 256GB ပါဝင်ရင် ယူရို ၁,၁၀၀ အထိ ကျသင့်ပါမယ်။ Mate 30 Pro 5G ကတော့ ယူရို ၁,၂၀၀ ကျသင့်ပါမယ်။

Huawei ဟာ တရုတ်နိုင်ငံမှာ Mate 30 Pro 4G အတွက် ကြိုတင်မှာယူမှုတွေ ကောက်ခံပေးပြီ ဖြစ်ကာ စက်တင်ဘာ၂၈ ရက်မှာ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာတော့ တစ်ကမ္ဘာလုံး ရောင်းချသွားမယ်လို့ သိရပါတယ်။ Play services မပါဝင်တဲ့ ဖုန်းကို ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာ ရောင်းချတဲ့အခါမှာ ဘယ်လိုတုံ့ပြန်မှုတွေ ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Huawei Mate 30

Huawei Mate 30 ကတော့ Pro မော်ဒယ်နဲ့ သိပ်မကွာပါဘူး။ မျက်နှာပြင်နဲ့ OLED panel ကတော့ ၆.၆၂ လက်မ ဖြစ်ပြီး အရောင်အသွေးတောက်ပပြီး ရုပ်ထွက်အရည်အသွေးက 1,080x 2,340px ဖြစ်ပါတယ်။ HDR10 နဲ့ DCI-P3 ထောက်ပံ့ထားပါတယ်။

မျက်နှာပြင်က ပြန့်ပြူးပြီး notch သေးငယ်ပါတယ်။ Mate ဖုန်း နှစ်မျိုးစလုံးမှာ in-display fingerprint reader တွေ ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာကတော့ 1/1.7” 40MP sensor နဲ့ RYYB color filter နဲ့ f/1.8 aperture တို့ဖြစ်ပါတယ်။ Mate 30 ရဲ့ 8MP telephoto ကင်မရာမှာ 3x optical နဲ့ 5x hybrid zoom တို့ပါဝင်လာကာ ကင်မရာ၂ လုံးမှာ OIS ပါဝင်လာပါတယ်။ ဖုန်းရဲ့ ultrawide ကင်မရာကတော့ 16MP sensor (f/2.2) နဲ့ ရှေ့ကင်မရာ 24MP sensor ပါဝင်လာပါတယ်။

ဖုန်းမှာ Kirin 990 chipset ထောက်ပံ့ထားပြီး 4G နဲ့ 5G ဗားရှင်းနှစ်မျိုးစလုံးမှာ အသုံးပြုထားပါတယ်။ Mate 30 4G မှာတော့ 7nm လုပ်ငန်းစဉ်ကိုအသုံးပြုထားကာ medium core တွေကို နိမ့်ပါးအောင် ပြုလုပ်ထားပါတယ်။ NPU မှာတော့ core အကြီးစားတစ်ခုပဲ ပါဝင်လာပါတယ်။

ဘက်ထရီကတော ကြိုးမဲ့နဲ့ဆိုရင် 27W အပြင် ကြိုးနဲ့အားသွင်းမယ်ဆိုရင် 40W အသီးသီးထောက်ပံ့ထားပါတယ်။ ဘက်ထရီပမာဏကတော့ 4,200mAh ပဲဖြစ်ပါတယ်။

Mate 30 ဟာ IP53 အထိရေစိုခံပါတယ်။

Huawei Mate 30 ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချပြီး ယူရို ၈၀၀ နဲ့ အောက်တိုဘာလအတွင်း ကမ္ဘာလုံးသို့ရောင်းချမှာ ဖြစ်ပါတယ်။ Mate 30 မှာ RAM 8GB ပါဝင်လာကာ storage ကတော့ 128GB ဖြစ်ပါတယ်။

Huawei Mobile Services နဲ့ AppGallery

Huawei Mobile Services ဟာ open source ဖြစ်ပြီး Google Play Services လိုမျိုး အခြေခံလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ စီမံကိန်းကို ကြီးထွားထောက်ပံ့နိုင်ဖို့ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံ ဖန်တီးထားတယ်။

သုံးစွဲသူတွေက Huawei ရဲ့ AppGallery ကနေ software ကို download ပြုလုပ်နိုင်ပြီး လစဉ်သုံးစွဲသူ သန်း ၃၉၀ ရရှိထားပြီး ပြီးခဲ့တဲ့နှစ်က download ပြုလုပ်မှု ၁၈၀ ဘီလျံရှိပါတယ်။

AppGallery ဟာ app တစ်ခုတင်မကဘဲ Huawei ID က ecosystem တစ်ခုလုံးကိုအသုံးပြုနိုင်ဖို့ အဓိက account အဖြစ် အသုံးပြုနိုင်ပါတယ်။ Huawei Mobile Cloud ကတော့ Google Photos နဲ့ Drive နဲ့ဆင်ပြီး ဖုန်းပေါ်က settings နဲ့အချက်အလက်တွေကို back up ပြုလုပ်ပေးသလို ဓာတ်ပုံတွေကို sync လုပ်ပေးနိုင်ပါတယ်။ Huawei Video ကတော့ ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေနဲ့ မှတ်တမ်းကားတွေပါဝင်တဲ့ streaming ဝန်ဆောင်မှုဖြစ်ပါတယ်။ လက်ရှိမှာ အီတလီနဲ့ စပိန်မှာ အသုံးပြုနိုင်ပါတယ်။ Huawei အနေနဲ့ Google ရဲ့ Chrome ထက်သာလွန်တဲ့ ကိုယ်ပိုင် browser ကိုလည်း တွန်းအားပေးလုပ်ကိုင်ထားပါတယ်။

စိုးထက်
Ref: GSMArena