
YangonHeartz Business Solution မှ ထုတ်ဝေလျက်ရှိသည့် မော်တော်ကား မဂ္ဂဇင်းတစ်စောင်ဖြစ်သော MotoExpo ကို Google Play Store ၌ အခမဲ့ Download ရယူကာ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခု Application ကို Android ဖုန်းများအတွက်ပဲ ထုတ်လုပ်သေးတာ ဖြစ်ပါတယ်။ အခုဗားရှင်းကိုလည်း သုံးစွဲသူတွေ ကျေနပ်မှုရှိအောင် နေ့စဉ်ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်ပြီး အခြားထူးခြားတဲ့ အစီအစဉ် ပေါင်းများစွာနဲ့ ဖြန့်ချိသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဒီ MotoExpo မော်တော်ကား မဂ္ဂဇင်းကို အင်တာနက် Website ဖြစ်တဲ့ www.motoexpomm.com နဲ့ Social Media ဖြစ်တဲ့ Facebook မှာလည်း www.facebook.com/motoexpomm ကိုဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ” ဟု YangonHeartz Business Solution မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ MotoExpo Mobile Application ကို YangonHeartz Business Solution မှထုတ်ဝေပြီး Coolidea မှ နည်းပညာပိုင်းကို တာဝန်ယူဆောင်ရွက် ပေးထားကြောင်း သိရသည်။