
Android ထုတ်ကုန်များ၏ ၂၁ ရာခိုင်နှုန်းသည် Lollipop ကို အသုံးပြုကြကြောင်း Google မှ android platform အညွှန်းကိန်းနှင့်တကွကို Android Developers Dashboard ဝက်ဘ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
၎င်းတို့ဖော်ပြထားသော ကိန်းဂဏန်းများအရ မေလတွင် Android 5.0 ကိုအသုံးပြုသည့် ထုတ်ကုန် ၁၅.၉ ရာခိုင်နှုန်းနှင့် Android 5.1 ကို အသုံးပြုသည့် ထုတ်ကုန် ၅.၁ ရာခိုင်နှုန်းရှိကာ စုစုပေါင်း ၂၁ ရာခိုင်နှုန်းရှိသည်။ ထိုပမာဏသည် သေးငယ်သော်လည်း သြဂုတ်လ အစောပိုင်းတွင် Android Lollipop ကိုသုံးစွဲသူ ၁၈ ရာခိုင်နှုန်းရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။
Android Lollipop သုံးစွဲသည့်ပမာဏကို တနလာင်္နေ့တွင် ကုန်ဆုံးမည့် ၇ ရက်တစ်ပတ်အတွင်း Google Play store သို့ လာရောက်သော Android ထုတ်ကုန်များ အားလုံးကို ခြေရာခံ၍ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဖြန့်ချိခဲ့သည့် Android Lollipop သည်ထွက်ရှိပြီး ၁၀ လအကြာတွင် Android ထုတ်ကုန်များတွင် ၂၁ ရာခိုင်နှုန်း အသုံးပြုလျက် ရှိကြသည်။
Android 5.0 Lollipop တွင် feature သစ်များအပြင် Material Design ဟုခေါ်ဆိုကြသော ဒီဇိုင်းသစ်၊ lock screen တွင် သတိပေးချက်များ ဖော်ပြခြင်းနှင့် လုပ်ဆောင်ချက်များစွာကို ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်သည်။ မတ်လအတွင်း Google သည် 5.0 တွင် နည်းပညာဆိုင်ရာ ချို့ယွင်းချက်များ အဖြေရှာသည့်အနေဖြင့် အသံပြတ်သား ကြည်လင်သည့် ဖုန်းခေါ်ဆိုမှုနှင့် လုံခြုံရေးကောင်းမွန်သော Android 5.1 ကိုထုတ်ဖော် မိတ်ဆက်ခဲ့သည်။
Ref: CNET