Online Games Tournament နှင့် Cosplay Event ပွဲများ ကျင်းပပြုလုပ်မည်

elec.gif

Myanmar Network Co.,Ltd မှ တည်ထောင်ထားသော Vakok Online Games Server မှ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် Online Games Tournament နှင့် Cosplay Event ပွဲများကို နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၁၁ နာရီ မှ ညနေ ၆ နာရီအထိ Dagon Center 2 တွင် ကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး ဆုကြေးများအနေဖြင့် World of War Craft (10 vs 10) WarSong ပြိုင်ပွဲအတွက် ပထမဆု ဆယ်သိန်းကျပ်၊ ဒုတိယဆု ငါးသိန်းကျပ်၊ World of War Craft (5 vs 5) Arena ပြိုင်ပွဲအတွက် ပထမဆု ခုနှစ်သိန်းကျပ်၊ ဒုတိယဆု သုံးသိန်းကျပ်နှင့် Cosplay Contest အတွက် ပထမဆု လေးသိန်းကျပ်၊ ဒုတိယဆု သုံးသိန်းကျပ်၊ တတိယဆု နှစ်သိန်းကျပ်နှင့် စတုတ္ထဆု တစ်သိန်းကျပ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

Myanmar Network Co.,Ltd မှ World of War Craft, AION, Counter Strike, Battle Net ဂိမ်းများ ကစားနိုင်သော Free to Play Server (မည်သူမဆို အခမဲ့ ကစားနိုင်) ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဝက်ဘ်ဆိုက်လိပ်စာမှာ http://www.vakok.net ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ၀၉-၅၀၅၉၈၁၁၊ ၀၉-၄၅၀၀၀၈၁၈၂၊ ၀၁-၅၂၂၉၄၅ သို့ ဆက်သွယ်စုံ စမ်းနိုင်မည် ဖြစ်သည်။