Panoramic Selfie ပါဝင်သော Lenovo VIBE Shot Smartphone သစ် ပြည်တွင်းဈေးကွက် ဝင်ရောက်

12031549_10205549019704709_8096137735748014458_o.jpg

လူအများနှင့် Group ရိုက်ကူးလျှင် အလွယ်တကူ ရိုက်ကူးနိုင်မည့် ကမ္ဘာ့ပထမဦးဆုံး Panoramic Selfie ပါဝင်သော Lenovo VIBE Shot Smartphone သစ် ပြည်တွင်းဈေးကွက် ဝင်ရောက်လာကြောင်း သိရသည်။

Lenovo VIBE Shot Smartphone သည် တိကျပြတ်သားသည့် ဓာတ်ပုံများကို လျှပ်တစ်ပြက်အတွင်း ဖမ်းယူရိုက်ကူးနိုင်မည့် Shutter ခလုတ် ပါဝင်မည်ဖြစ်သည်။ ဖုန်းတွင် အသင့်တွဲဖက်ပါဝင်သော infrared auto-focusing (AF) နည်းပညာသည်လည်း သာမန် စမတ်ဖုန်းကင်မရာများတွင် ပါဝင်သည့် Autofocus များထက် နှစ်ဆ ကောင်းမွန်သော ဓာတ်ပုံဖမ်းယူမှုများကို စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည်။

Tri-color LED Flash ဖြင့် သဘာဝကျသော ဓာတ်ပုံအရောင်အသွေးကို ရယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့ပြင် ဓာတ်ပုံရိုက်ကူးသည့်အခါတွင် လက်မငြိမ်၍သော် လည်းကောင်း၊ ရိုက်ကူးနေသည့်အရာမှာ ရွေ့လျားသွား၍ သော်လည်းကောင်း ဓာတ်ပုံအရည်အသွေး ဝေ၀ါးမှု မရှိစေရန် Optical image Stabilization (OSI) ဆိုသည့် နည်းပညာကို ထည့်သွင်းထားသည်။ Qualcomm Snapdragon 615 Processor နှင့် Octa-core Chipset ကို အသုံးပြုထားပြီး RAM 3GB ပါဝင်မည် ဖြစ်သည်။

အချက်အလက်များ ထည့်သွင်း သိမ်းဆည်းနိုင်ရန်အတွက် Internal Storage မှာ 32 GB ပါဝင်မည် ဖြစ်သည်။ ထို့ပြင် အချက်အလက် အများအပြား သိမ်းဆည်းလိုသူများ အတွက် 128 GB အထိ အထောက်အပံ့ ပေးနိုင်သော SD Card ကို ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ စမတ်ဖုန်း၏ ကိုယ်ထည်ကို Aluminum အပြည့် အသုံးပြုထားပြီး မှန်ကို Gorilla Glass အသုံးပြုထားသည်။ Lenovo VIBE Shot သည် Carmine Red, Pearl White နှင့် Graphite Grey အရောင် ၃ မျိုး ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။