Fire Phone ထုတ်လုပ်မှု Amazon ရပ်ဆိုင်း

amazon-fire-SH-fortune-2015sept10.jpg

Amazon သည်၂၀၁၄ ခုနှစ်က မိတ်ဆက်ခဲ့သော Fire Phone စမတ်ဖုန်းကို ဆက်လက်ထုတ်လုပ် သွားတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Fire Phone ၏ 32GB နှင့် 64GB ဗားရှင်းများသည် Amazon ဝက်ဘ်ဆိုင်တွင် ပစ္စည်းပြတ်လတ်နေသည်မှာ သြဂုတ်လကတည်းက ဖြစ်ကြောင်း GeekWire မှ ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ Fire Phone အားလုံးကို ရောင်းချခဲ့ပါတယ်။ ပစ္စည်းတွေကို ထပ်ဖြည့်ဖို့ မရှိပါဘူး။ Fire Phone သုံးစွဲသူတွေကိုတော့ ဆက်လက်ထောက်ပံ့သွားမှာပါ”Amazon ၏ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ Amazon အနေဖြင့် Kindle tablet နှင့် Echo အပြင် Fire Phone ထုတ်လုပ်ရာတွင် တာဝန်ရှိသည့် Lab126 မှ ဝန်ထမ်း တစ်ဒါဇင်ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။

Fire Phone သည် Amazon မှမျှော်လင့်ထားသလို အောင်မြင်ခဲ့ခြင်း မရှိပေ။ Fire Phone ကိုတင်ပို့မှုအပြီး လအနည်းငယ်အကြာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း Amazon က Fire Phone နှင့် ဆက်စပ်သော ထောက်ပံ့စရိတ်များအတွက်  ကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျခဲ့ပြီး ၈၃ သန်း တန်ဖိုးရှိ ဖုန်းများ ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ခဲ့သည်။ Amazon အနေဖြင့် ဖုန်း၏ဈေးနှုန်း သတ်မှတ်အပေါ် ဝေဖန်ခဲ့သော်လည်း မိုဘိုင်းလုပ်ငန်းတွင် Fire Phone ၏ စိတ်ကူးကျဆုံးမှုအပေါ် ထောက်ပြဝေဖန်ခဲ့သည်။

Ref : Fortune