Raspberry Pi ဖြင့်တွဲဖက် အသုံးပြုနိုင်မည့် touchscreen ထွက်ရှိလာ

raspberry-pi-touchscreen-SH-wired-2015sept9.jpg

Raspberry Pi ကွန်ပျူတာအတွက် ထုတ်လုပ်ထားသော မျက်နှာပြင်အရွယ် ၇ လက်မရှိ touchscreen ကို Pi ဖြင့် တွဲဖက်၍ tablet အဖြစ် အသုံးပြုနိုင်သည်။ ၎င်း touchscreen သည် နောက်ဆုံးပေါ် Raspbian OS အတွင်း on-screen keyboard ထောက်ပံ့မှုကို အသုံးပြုနိုင်သည်။

၎င်း display တန်ဖိုးမှာ ၄၈ ပေါင်ဖြစ်ပြီး ယူကေအခြေစိုက် Inelco Hunter မှထုတ်လုပ်ထားသည်။ အဆိုပါ touchscreen 60fps ဖြင့် RGB 800×480 panel အပြင် မြင်ကွင်းရှုထောင့် ၇၀ ဒီဂရီမှ ကြည့်ရှုနိုင်သလို တစ်ပြိုင်နက်တည်း လက်ဆယ်ချောင်း ထိတွေ့အသုံးပြု နိုင်သည်။ Touchscreen မှ ချိတ်ဆက်မှု ၂ခု ဖြစ်သည့် power နှင့် data တို့အတွက် Pi နှင့် ချိတ်ဆက်ရန် လိုအပ်သည်။ Raspbian OS update ထွက်ရှိမှုသည် touchscreen ပေါ် ထွက်လာချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။ အဆိုပါ touchscreen ထုတ်ကုန်သည် Raspberry Pi 2 Model B, Raspberry Pi Model B+ နှင့် Raspberry PI Model A+ ဖြင့် တွဲဖက်အသုံးပြု နိုင်သည်။

Raspberry Pi ၇ လက်မ Touchscreen Display ကို Pi Swag စတိုးနှင့်အခြား Pi လက်လီဆိုင်များမှ ဝယ်ယူနိုင်သည်။

Ref : Wired