Nextbook Ares 11

nextbook-ares-11-tablet-SH-cnet-2015sept9(1).jpg

USD – 197.00

Nextbook Ares 11 သည် အီးမေးလ်များစစ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် ရိုးရှင်းသည့် မိုဘိုင်း ဂိမ်းများ ကစားခြင်းကဲ့သို့ အခြေခံလုပ်ဆောင်ချက်များကို တစ်ကြိမ်လျှင် တစ်ခါအသုံးပြုပါက ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ထိုလုပ်ဆောင်ချက်ထက် ပိုမိုသော အရာများကို လုပ်ဆောင်လျှင် Nextbook Ares 11 ၏ စွမ်းဆောင်ရည်မှာ နှေးကွေးသွားသည်။

Nextbook Ares 11 သည် သမားရိုးကျ tablet-hybrid ဒီဇိုင်းထုတ်ကုန်ဖြစ်ပြီး သုံးစွဲသူများလွယ်ကူ ရိုးရှင်းစွာ အသုံးပြုနိုင်ရန် ဖန်တီးထားသည်။ Nextbook Ares 11 တွင် 1.8GHz quad-core Intel Atom Z373F CPU, RAM 1GB, internal storage 64GB နှင့် 64GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD ကတ်ပေါက်တို့ ပါဝင်သည်။ ထို့အပြင် Ares tablet-hybrid တွင် သာမန်တွေ့မြင်နေကျ Micro-USB နှင့် Micro-HDMI တို့ပါဝင်သလို ၎င်းနှင့် တွဲဖက်အသုံးပြုရသော keyboard ၌ USB 2.0 port ၂ ခု ပါဝင်သည်။ အခြား feature များမှာ Bluetooth 4.0 နှင့် Wi-Fi 802.11 b/g/n တို့ ပါဝင်လာသည်။

Nextbook Ares 11 တွင် ၁၁.၆ လက်မအရွယ် 1,366×788 ရုပ်ထွက်အရည်အသွေးကို အသုံးပြုထားသည်။ ၎င်း၏ ရှေ့နှင့်နောက်ကင်မရာ 2 mega pixel ဖြစ်ပြီး ရုပ်အရည်အသွေးနိမ့်ပါးပြီး ရိုက်ကူးထားသည့် ဓာတ်ပုံအရောင်များမှာ ကွဲပြားမှု မရှိသည့်အပြင် ရုပ်ထွက်မှာ ပြတ်သားမှုမရှိပေ။ သို့သော်လည်း အလင်းအားကောင်းသည့် ပတ်ဝန်းကျင်အတွင်း အလင်းချိန်ညှိမှု ကောင်းမွန်သည်။