Microsoft Surface နှင့်ဆင်တူသော ကွန်ပျူတာတစ်မျိုးကို Dell ဖန်တီးနေ

11009844_10153190250297825_2148710243402288629_n.jpg

Dell သည် XPS 12 ဟုခေါ်သော Microsoft ၏ Surface tablet နှင့် ဆင်တူသည့် ကွန်ပျူတာသစ် တစ်မျိုးကို ဖန်တီးနေကြောင်း ပေါက်ကြားထွက်ပေါ်လာသည့် slide show အရ သိရသည်။

XPS 12 နှင့် အသုံးပြုနိုင်မည့် keyboard တွင် ပါဝင်သော touchpad သည် လုပ်ငန်းဆောင်တာများကို ချောမွေ့စွာ လုပ်ဆောင်နိုင်စေမည်ဟု ကုမ္ပဏီမှ ကတိပြု ပြောကြားခဲ့သည်။

Dell ၏ နောက်ဆုံးပေါ် ကွန်ပျူတာသစ်တွင် 4K UHD (3840×2160) resolution ကို bezel အရွယ်အစား လျှော့ချထားသော InfinityEdge ဒီဇိုင်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Stylus တစ်ခုဖြင့် အသုံးပြုနိုင်ပြီး အခြား spec များအနေဖြင့် Thunderbolt 3 port တစ်ခု၊ ၁၀ နာရီကြာ သုံးနိုင်မည့် ဘက်ထရီတို့ကို ထောက်ပံ့ပေးထားသည်။ ကျောဘက်တွင် 8-megapixel ကင်မရာ ပါဝင်လာပြီး အရှေ့ဘက် selfie ကင်မရာက 5-megapixel ဖြစ်သည်။

ပေါက်ကြားထွက်ပေါ်လာသည့် slide show တွင် XPS 12 ၏ ပရိုဆက်ဆာနှင့် RAM ပမာဏတို့ကို မဖော်ပြထားသော်လည်း အောက်တိုဘာလတွင် ရောင်းချမည်ဟု ဖော်ပြခဲ့သည်။

Ref: TheVerge