မြန်မာဘာသာကျွမ်းကျင်သူများ တိုးချဲ့ခန့်ထားပေးရန် Facebook သို့ အသိပေး ပြောကြားထားဟု ဦးရဲထွဋ်ဆá

_MG_8018.jpg

လူမှုကွန်ရက်ပေါ်တွင် အမုန်းစကား ရေးသားဖြန့်ဝေမှု ပြုလုပ်သူများကို စိစစ်ဖြုတ်ချမှုများ ပြုလုပ်ရန်နှင့် အသိပညာပေးမှုများ ပြုလုပ်ရန်အတွက် မြန်မာဘာသာစကား ကျွမ်းကျင်သူများကို တိုးချဲ့တာဝန်ပေးရန် Facebook သို့ အသိပေး ပြောကြားထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရရှိသူ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“အစိုးရ အပါအ၀င် Facebook သုံးစွဲသူတိုင်းက အမုန်းစကားဖြစ်စေတယ်။ ညစ်ညမ်းတယ်လို့ ယူဆရင် Facebook ကို သတင်းပို့လို့ရပါတယ်။ Facebook အဖွဲ့က စိစစ်ပြီး သူတို့စံအရ အမုန်းစကားဖြစ်တယ်၊ ညစ်ညမ်းတယ်လို့ သတ်မှတ်ရင် သူတို့ကပဲ ဆက်ပြီး ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ကတော့ Facebook ကို သူ့ဆီမှာ မြန်မာ ဘာသာစကား ကျွမ်းကျင်သူတွေ တိုးချဲ့တာဝန်ပေးဖို့ ပြောတာပဲရှိပါတယ်” ဟု ဦးရဲထွဋ်က အင်တာနက်ဂျာနယ်သို့ ပြောကြားသည်။

ထို့အပြင် Facebook ပေါ်၌ အမုန်းစကားရေးသားသူ၊ ဖြန့်ဝေသူများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန်လည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးယူတာကတော့ Facebook နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည်တွင်းဥပဒေများနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အစိုးရရဲ့ ချဉ်းကပ်မှုကတော့ အရေးယူတာထက် Facebook ကို စနစ်တကျသုံးတတ်အောင်၊ Facebook ပေါ်က သတင်းတွေကို စနစ်တကျစိစစ်ပြီးမှ လက်ခံတတ်အောင် ပညာပေးဖို့ပါပဲ။ အကောင့် တုတွေနဲ့ လုပ်နေတာကို ဖော်ထုတ်အရေးယူဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး” ဟု ဦးရဲထွဋ်က ပြောကြားသည်။