Untethered iOS 9 jailbreak ပြုလုပ်နည်း YouTube တွင် ထွက်ပေါ်လာ

11986322_10153182805652825_188788093347020527_n.jpg

လူသိများသော iOS ဟက်ကာ “iH8snow” သည် မဖြန့်ချိရသေးသော iOS 9 အတွက် ပထမဆုံး untethered jailbreak ပြုလုပ်နည်းကို YouTube ဗီဒီယိုသစ် တစ်ခုဖြင့် ပြသခဲ့သည်။

အဆိုပါ ဗီဒီယိုသစ်တွင် လာမည့်ဗုဒ္ဓဟူးနေ့၌ public အနေဖြင့် ဖြန့်ချိမည့် iOS 9 ၏ GM build အသုံးပြုထားသော iPhone 5 ဖြင့် ပြသခဲ့သည်။

iH8snow ကမူ အဆိုပါနည်းလမ်းအနေဖြင့် iOS 9.1 beta တွင် အလုပ်လုပ်သော်လည်း ၎င်းဆော့ဖ်ဝဲကို ဖြန့်ချိရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အထက်ပါ ဗီဒီယိုက untethered iOS 9 jailbreak တစ်ခု ဖန်တီးရန် ဖြစ်နိုင်ခြေရှိသည်ကို သက်သေပြခဲ့သောကြောင့် iOS 9 ထွက်ရှိပြီးနောက်ပိုင်းတွင် အခြား developer များအနေဖြင့် jailbreak တစ်ခုကို ဖန်တီးပြီး ဖြန့်ချိဖွယ်ရှိသည်။

လက်ရှိတွင် tweak များဖြင့် သုံးစွဲနေသော iPhone သုံးစွဲသူများ အနေဖြင့် untethered iOS9 jailbreak tool မထွက်ရှိမီ အချိန်အထိ iOS 8.4 ကိုသာ ဆက်လက်အသုံးပြုသင့်သည်။

Ref: 9to5Mac