Infinity Blade III

Infinity.jpg

တိုက်ခိုက်ရေးဂိမ်းကို ကြိုက်နှစ်သက်သူများအတွက် စိတ်တိုင်းကျစေမည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် ဓားကိုရအောင် တိုက်ခိုက်၍ ရယူရမည်ဖြစ်သည်။ သတ္တဝါဆန်းများနှင့် တိုက်ခိုက်၍ Level မြင့်လာအောင် ကစားရမည်ဖြစ်ပြီး item များရအောင် ရှာဖွေကစားရမည် ဖြစ်သည်။

အဆိုပါဂိမ်းကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၆.၉၉ ပေးသွင်းမှသာ ကစားနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။