WatchOS 2.0 ကို စက်တင်ဘာ ၁၆ ရက်တွင် ဖြန့်ချိမည်

11988221_10153181197852825_480534542733529806_n.jpg

WatchOS 2.0 ကို စက်တင်ဘာ ၁၆ ရက်တွင် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။

လက်ရှိတွင် Apple Watch အတွက် app ၁၀,၀၀၀ ကျော်ကို အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း Apple မှ ထုတ်ဖော်ပြောကြားခဲ့သည်။

WatchOS 2.0 ကို ဖြန့်ချိချိန်တွင် Facebook Messenger, Gopro နှင့် ကျန်းမာရေးကို ခြေရာခံပေးမည့် AirStrip အပါအဝင် app အသစ်များကို အသုံးပြုနိုင်မည်ဟု ကုမ္ပဏီမှ ဆိုခဲ့သည်။

WatchOS 2.0 ဗားရှင်းသည် နာရီအပေးတွင် native app များကို အသုံးပြုနိုင်စေမည် ဖြစ်သည်။ Apple သည် WatchOS 2.0 တွင် စွမ်းဆောင်ရည်နှင့် app ဖွင့်သည့်အချိန်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် developer များကလည်း နှလုံးခုန်နှုန်းစောင့်ကြည့်သည့် ကိရိယာနှင့် အခြား sensor များကို ပထမဦးဆုံးအကြိမ် အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

အခြား feature များအနေဖြင့် watch face အသစ်များ၊ အထူးဖန်တီးထားသော Nightstand mode နှင့် ချိန်းဆိုမှုများ၊ သတိပေးချက်များ၊ ပွဲများအတွက် Time Travel feature တို့ ပါဝင်သည်။

Ref: CNET