Apple ၏ El Capitan dekstop software ကို စက်တင်ဘာ ၃၀ တွင် ဖြန့်ချိမည်

11922931_10153181179992825_1091079567679141557_o.jpg

Apple ၏ Mac OS X desktop software ဖြစ်သော El Capitan ကို ဖြန့်ချိမည့် ရက်စွဲသည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သော ပွဲ၌ ပေါက်ကြားထွက်ပေါ်လာခဲ့သည်။

Apple ၏ software engineering မှ စီနီယာ ဒုဥက္ကဋ္ဌ ခရိတ်ဖက်ဒါရစ်ဂီသည် iPhone 6S စမတ်ဖုန်း၏ feature သစ်များကို မိတ်ဆက်ပြသစဉ်တွင် ၎င်းက Apple ၏ ဈေးကွက်ရှာဖွေရေးဌာန စီနီယာ ဒုဥက္ကဋ္ဌ ဖီးလ်ရှစ်လာ၏ El Capitan အကြောင်းအရာ ပါဝင်သော email တစ်စောင်ကို ဖွင့်ဖတ်ပြသခဲ့သည်။

အဆိုပါ email တွင် ရှစ်လာက “El Capitan ရဲ့ အခြေအနေက အတော်ကို ကောင်းနေပါပြီ။ Beta ကနေ ရရှိတဲ့ တုံ့ပြန်မှုတွေက သိပ်ကိုကောင်းပါတယ်။ El Capitan ကို ဖြန့်ချိမယ့်ရက်က စက်တင်ဘာ ၃၀ ရက်ပါ” ဟု ရေးသားခဲ့သည်။

ထို့နောက်တွင် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်၌ El Capitan ကို စက်တင်ဘာ ၃၀ ရက်တွင် ဖြန့်ချိမည်ဟု ဖော်ပြခဲ့သည်။

El Capitan သည် အသစ်ထွက်ရှိမည့် Mac software ဖြစ်ပြီး ၎င်း၏ public beta ကို ဇူလိုင်လတွင် ဖြန့်ချိခဲ့သည်။

Ref: CNET