
အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် BBM, BA (EPP), BA (Tourism), နှင့် BA (Journalism) ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။
သင်တန်းများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး BBM နှင့် BA (EPP) ဘာသာရပ်များကို လျှောက်ထားလိုသူများသည် စုစုပေါင်း အမှတ် ၄၄၀ နှင့် အထက် ရရှိသူများဖြစ်ရမည် ဖြစ်သည်။ BA (Tourism) အတွက် အောက်မြန်မာပြည် စာစစ်ဌာနများမှ ဖြေဆို အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး အင်္ဂလိပ် ဘာသာရပ်၌ အနည်းဆုံး အမှတ် ၆၀ ရရှိကာ စုစုပေါင်းအမှတ် ၄၀၀ နှင့်အထက်ရရှိသူများ ဖြစ်ရမည်ဖြစ်သည်။ BA (Jour-nalism) အတွက် စုစုပေါင်းအမှတ် ၄၀၀ နှင့် အထက် ရရှိသူများ ဖြစ်ရမည်ဖြစ်ပြီး အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်တွင် သတ်မှတ်လျှောက်လွှာပုံစံအား လာရောက် ထုတ်ယူ၍ တိုက်ရိုက် လျှောက်ထားနိုင်သည်။
Bachelor of Business Management BBM ၄ နှစ်အတွက် သင်တန်းသားဦးရေ ၁၀၀၊ Bachelor of Arts (English for Professional Purposes) BA (EPP) သည် ၄ နှစ်အတွက် သင်တန်းသားဦးရေ ၅၀၊ Bachelor of Arts (Tourism) BA (Tourism) ၄ နှစ်အတွက်သင်တန်းသားဦးရေ ၁၀၀၊ Bachelor of Arts (Journalism) BA (Journalism) ၄ နှစ်နှင့် လက်တွေ့ကွင်းဆင်း ၃ လ အတွက် သင်တန်းသားဦးရေ ၅၀ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းများကို အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပြီး အဆိုပါ ဘွဲ့သင်တန်း အတွက် ၂၀၁၅ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အောင်မြင်ထားသူများသာ လျှောက်ထားနိုင်သည်။
လျှောက်လွှာများကို စက်တင်ဘာလ ၂၉ ရက်မှအောက်တိုဘာလ ၁၅ ရက်အထိကျောင်းသားရေး ရာဌာန၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်၊ အမှတ် (၂၇၂/ ၂၇၉)၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်တွင်ရယူ လျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်ထားသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆို အောင်မြင်သူ များ ဖြစ်ရမည် ဖြစ်သည်။
လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ရရှိသော ရမှတ်စာရင်း (မူရင်း)၊ လျှောက်ထားသူနှင့်မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ အ ကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ရပ်ကွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ထောက်ခံချက်များ (မူရင်း)၊ လိုင်စင်ဓာတ်ပုံ ၂ ပုံတို့ကို ပူးတွဲလျှောက်ထားရမည်ဖြစ်သည်။
ဝင်ခွင့်ရရှိသူများစာရင်းကို နိုဝင်ဘာလ ၁၉ ရက်တွင် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်းနှင့် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်များတွင် ကြေ ညာထားမည်ဖြစ်သည်။
ဝင်ခွင့်ရရှိသူများသည် ကျောင်းလာရောက်အပ်နှံသည့်အခါ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက်ယူဆောင်လာရမည် ဖြစ်ပြီး ထပ်မံသိရှိလိုသည့် အချက်အလက်များကို အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ် ဖုန်း-၀၁-၂၉၂၅၆၆၊ ၂၉၉၀၈၈၊ လိုင်းခွဲ (၂၁၅၊၂၀၈)၊ ၂၀၀၆၃၉ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။