After TI5 Shuffle

After-TI5-Shuffle-KOBOYAHOO-online-gamearticle-2015Sep3.jpg

နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ The International ကမ္ဘာ့အဆင့် Dota 2 အားကစားပြိုင်ပွဲကြီး ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် နောက်ထပ် Tournament တွေ မစခင်မှာ Dota 2 Professional လောကကို ဂယက်ရိုက် စေတာကတော့ Player Shuffle ပဲဖြစ်ပါတယ်။ ယခုနှစ် TI5 အပြီး Player Shuffle ကတော့ Dota 2 သမိုင်းကြောင်းတစ်လျှောက်မှာ အကြီးမားဆုံး Shuffle လို့ပြောရလောက်အောင် အသင်းတိုင်းနီးပါး၊ နာမည်ကြီး ကစားသမား တိုင်းနီးပါးက ဒီ Shuffle ထဲမှာ
ပါဝင်နေတာကို တွေ့ရပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေဟာ လက်ရှိအသင်းကို စွန့်ခွာပြီး ပိုမိုအကျိုးရှိကာ ရေရှည်အတွက်ကောင်းမယ့် အသင်းကြီး တွေကို ရွေ့ပြောင်းသည့်အပြင် အချို့ကစားသမားကောင်းများကလည်း ယခင်က မကြားဖူးတဲ့ အသင်းအသစ်တွေနဲ့အတူ Dota 2 လောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာတာကိုလည်း အမြောက်အမြား တွေ့ရပါတယ်။ ဒီထဲကမှ လူပြောအများဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး Shuffle အသင်းများ အကြောင်းကို စုစည်းတင်ပြလိုက်ပါတယ်။

Team Secret

TI5 မတိုင်ခင်က Alllstar အသင်းလို့ အများက သတ်မှတ်ထားတဲ့ Team Secret ဟာ မျှော်လင့်မထားတဲ့ ရလာဒ်ကြောင့်ပဲ ကစားသမားများ တကွဲတပြား ဖြစ်ခဲ့ရပေမယ့် နောက်ဆုံးရလာဒ်အရမှာတော့ ကစားသမား ကောင်းများနဲ့ ဆက်လက်ဖွဲ့စည်းသွားမှာကို တွေ့ရပါတယ်။ ကောလာဟလများအရတော့ Team Secret ရဲ့ ကစားသမားတွေဖြစ်တဲ့ Kuroky နဲ့ Arteezy တို့ဟာ ကစားပွဲအတွင်း တင်းမာမှုကလေးတွေ ရှိခဲ့တာဖြစ်လို့ အသင်းက ထွက်ခွာသွားတာဖြစ်ပြီး Zai ဟာလည်း သူ့ရဲ့ ပညာရေးအတွက် အချိန်ပြန်ပေးမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ s4 ဟာလည်း ၎င်းရဲ့ အသင်းဟောင်း Alliance ကို ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဟာသွားတဲ့ ကစားသမား ၄ ယောက်အနက်မှာ လက်ရှိတစ်ဦးတည်း ကျန်တော့တဲ့ အသင်း Captain “Puppey” က Secret ကို ကစားသမား ကောင်း
များနဲ့ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ အသင်းပျက်သွားခဲ့တဲ့ Cloud9 က ကစားသမားများ ဖြစ်သော “MiSeRY”, “Ethernal Envy”, “ Pieliedie” တို့နဲ့အတူ ရိုမေးနီးယားက “Meepo God” လို့ လူသိများတဲ့ “w33” တို့နဲ့အတူ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ w33 ဟာ ကျန်ကစားသမား ၄ ဦးနဲ့ ယှဉ်ရင် အတွေ့အကြုံနည်းသေးတာမို့ ချက်ချင်း အံဝင်ခွင်ကျဖြစ်မလားကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
    
Evil Geniuses

တစ်ကမ္ဘာလုံး အံ့သြသွားလောက်အောင် Aui_2000 ကို Kick out လုပ်လိုက်ပြီးမှာတော့ Ti5 Champion Evil Geniuses ဟာ ယခင်က သူတို့ရဲ့ ကစား သမားဟောင်း Arteezy ကို ပြန်လည်ခေါ်ယူပြီး အသင်း Roster ကို ပြောင်းလဲခဲ့ပါတယ်။ “Fear”, “Universe”, “PPD”, “Sumail” နဲ့အတူ “Arteezy” ပြန်လည်ရောက်ရှိလာတဲ့ EG ဟာ Mid ကစားသမားရွေးချယ်မှုကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
    
LGD

တရုတ်နိုင်ငံရဲ့ Legendary ကစားသမား တစ်ယောက်ဖြစ်တဲ့ Xiao8 ဟာ “Yao” နဲ့အတူ LGD အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာတော့ လစ်ဟာ သွားတဲ့ Captain နေရာကို EHOME ကနေ ထွက်ခွာလာတဲ့ ဝါရင့်ကစားသမား “rOtk” က ဝင်ရောက်နေရာယူခဲ့ပါတယ်။ “MMY”, “Maybe”, “Sylar” တို့
သာ ကျန်ရှိတော့တဲ့ LGD အသင်းကို “rOtk” နဲ့အတူ “ddc” ပါဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
    
Fnatic

တစ်ကျော့ပြန်ဝင် ရောက်လာတဲ့ Fnatic ကတော့ Leader “Mushi”, “Ohaiyo” တို့နဲ့အတူ ဂျာမဏီနိုင်ငံသား “Black”, မလေးရှားနိုင်ငံသား “Net” နှင့်
ဖိလစ်ပိုင်နိုင်ငံသား “Chrissy/Dj” တို့နဲ့ပြန်လည်ဖွဲ့စည်းကာ SEA ကိုယ်စားပြု အသင်းကြီး တစ်သင်းအနေနဲ့ ပြန်လည်ဖွဲ့စည်းကာ လာမယ့် Tournament များကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

Alliance

TI3 Champion “Alliance” ကတော့ သူတို့ရဲ့ အကောင်းဆုံးကစားသမား Line-up နီးပါး ပြန်လည်ဖွဲ့စည်းခဲ့ပြီပဲ ဖြစ်ပါတယ်။ Team Secret ကနေ ထွက်
ခွာလာတဲ့ Leader ဟောင်း “s4” တစ်ကျော့ပြန် ဝင်ရောက်လာခဲ့တဲ့အခါမှာတော့ “Loda”, “Akke”, “AdmiralBulldog” တို့နဲ့အတူ ယခင် “EGM” နေရာမှာ အစားထိုးကစားပေးမယ့် Support Player ကောင်းတစ်ယောက် ဖြစ်သော “Mynut” တို့ဖြင့် ဖွဲ့စည်းထားတဲ့ Roster ကို Alliance Officail Website ကနေ စက်တင်ဘာ ၁ ရက်က အတည်ပြု ထုတ်ပြန်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Navi

ကမ္ဘာ့ပရိသတ်အများဆုံး အခိုင်အမာရရှိထားတဲ့ စီနီယာအသင်းကြီးဖြစ်သော Navi ကတော့ သူတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ “ArtStyle” ပြန်လည်ပါဝင်လာလို့ ရလာဒ်ကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့် TI5 မှာကြုံတွေ့ခဲ့သော ရလာဒ်ဆိုးများကြောင့် ဒီ Leader ကြီးက အသင်းရဲ့ အဓိက ကစားသမားနေရာကနေ ချက်ချင်း ပြန်လည် အနားယူသွားခဲ့ပါတယ်။ ဒါကြောင့် “Dendi”, “XBOT”, “Funn1k”, “SoNNeiko” တို့နဲ့ အတူ ရုရှားနိုင်ငံသား “PSM” ကို အားဖြည့်ခေါ်ယူထားတဲ့ Team Line-up ကို စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

Cloud9

တစ်သင်းလုံး ပျက်သွားပြီး ကစားသမားမရှိတော့တဲ့ မြောက်အမေရိက အခြေစိုက် Cloud9 အသင်းကို ယခင် Online Kingdom အသင်းမှာ ကစားခဲ့တဲ့
ကနေဒါနိုင်ငံသား နာမည်ကြီးကစားသမား 1437 ဟာ လက်ရှိ Team Secret ရဲ့ Manager အဖြစ် ရပ်တည်နေတဲ့ ရာထူးကို စွန့်ခွာပြီး Cloud9 ကို ပြန်လည်
ဦးဆောင်မယ့် ကစားသမားဘဝထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပါတယ်။ သူရွေးချယ်ထား ခဲ့တဲ့ Cloud9 New Roster ကတော့ “Ritsu”, “Brax”, “MSS” နှင့် “SVG” တို့ပဲဖြစ်ပါတယ်။

Team Empire

Russia နိုင်ငံရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ Team Empire ကတော့ ALWAYS WANNAFLY နဲ့ yoky တို့ ထွက်ခွာသွားတဲ့နေရာမှာ တက်သစ်စ ကစားသမား အသစ်ဖြစ်တဲ့ “ubah” ကို ထည့်သွင်းခဲ့ပြီး ကျန်ရှိတဲ့ တစ်နေရာအတွက်ကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Virtus Pro

စိတ်ဓာတ်နဲ့ကစားတဲ့ အသင်းတစ်သင်းလို့ လူအများက လက်ခံထားတဲ့ Virtus Pro ကတော့ သူတို့ရဲ့ ကစားသမားစာရင်းကို ပြောင်းလဲခြင်းမရှိဘဲ Captain “Fng”, “God”, “Illidan”, “Dkphobos” “Lil” တို့နဲ့အတူ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ စောင့်ကြည့်ရမယ့် အသင်း သစ် ၃ သင်းကတော့-

Digital Chaos

Dotacinema ကနေ Sponsor ပေးပြီး ဖွဲ့စည်းခဲ့တဲ့ Digital Chaos (DC) လို့အမည်ရတဲ့ အသင်းသစ်မှာတော့ EG ရဲ့ စွန့်ပစ်ခံ ကစားသမား “Aui_2000” ပြန်လည် ပါဝင်လာမှာဖြစ်ပြီး လက်ရှိ နာမည်ကြီးလျက်ရှိတဲ့ “EG.Sumail” ရဲ့အစ်ကို “Yawar”, “BuLba”, “TC”, Captain “Biryu” တို့နဲ့အတူ လာမယ့် Professional ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်တဲ့ စောင့်ကြည့်ရမယ့် အသင်းကောင်း တစ်ခုဖြစ်ပါတယ်။

Monkey Business

ထင်မှတ်မထားတဲ့ လူစာရင်းနဲ့အတူ Professional အသင်းတွေကြားထဲ အသစ်ဝင်ရောက်လာတဲ့ Monkey Business မှာတော့ “n0tail”, “fly”, “Miracle”
တို့နဲ့အတူ “MoonMeander”, “C1rt”တို့နဲ့ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။

5Jugs

Support, Carry ဘယ်Role ကိုမဆို အကောင်းဖြစ်အောင် ဆော့နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ ကစားသမား တစ်ယောက်ဖြစ်သော “Kuroky” ဟာ
ယခင်က Mousesports မှာ တူတူကစားဖူးတဲ့ FATA နဲ့ ပြန်လည် တွဲလုံးထုတ်ကာ 5jugs အမည် ရတဲ့ အသင်းတစ်သင်းကို ဖွဲ့စည်းခဲ့ပါတယ်။ Finland နိုင်ငံသား “MATUMBAMAN”, “JerAx” တို့နဲ့အတူ၊ Bulgaria မှ “MinD_ContrOL” တို့နဲ့အတူ ဥရောပ ကိုယ်စားပြုအသင်းသစ် တစ်ခုကိုလည်း စောင့်ကြည့်ရတော့မှာဖြစ် ပါတယ်။

အခြားသော အသင်းကြီးများဖြစ်တဲ့ IG ကနေ buRning ထွက်ခွာသွားခြင်း Alliance က ထွက်ခွာလာတဲ့ Pajkatt, EGM တို့က 4Clovers ကို ရောက်ရှိလာခြင်း၊ MVP.Phoenix ကနေ Nutz ထွက်ခွာသွားခြင်းစတဲ့ သတင်းတွေအပြင် DK နဲ့ EHOME လို အသင်းကြီးတွေဟာ တစ်ကျော့ပြန်ကစားသမား အသစ်တွေနဲ့ ပြန်လည်ပေါ်ထွက်လာမလားဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ဒီနှစ် After TI5 Shuffle သတင်းများ ပဲဖြစ်ပါတော့တယ်။

www.dotaboo.com