
ဘက်စုံသုံးပစ္စည်းအဖြစ် အသုံးပြုနိုင်မည့် Multi Functional Music Torch ဖြစ်သည်။ ဓာတ်မီးတစ်လက်အနေဖြင့် အသုံးပြုနိုင်သလို Bluetooth စနစ်ပါဝင်သော မိုဘိုင်းထုတ်ကုန်များဖြင့် ချိတ်ဆက်၍ သီချင်းနားထောင်ခြင်းနှင့် ဖုန်းလက်ခံ ပြောဆိုခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ Bluetooth ကို ၁၀ မီတာပတ်လည် အကွာအဝေးအတွင်း အဆင်ပြေစွာဖြင့် ချိတ်ဆက်အသုံး ပြုနိုင်မည်ဖြစ်သည်။ အသံထွက် အရည်အသွေး ကောင်းမွန်သော စပီကာလည်း ပါဝင်သည်။ FM လိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။ 2200 mAh ရှိသော Power Bank လည်း ပါဝင်သည့်အတွက် မိမိအသုံးပြုသော မိုဘိုင်းဟန်းဆက်များ အားကုန်ခန်းသည့်အခါများတွင် ချိတ်ဆက်ကာအားသွင်း နိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံလုပ် အမျိုးအစားဖြစ်သည်။ အမည်း၊ ရွေ နှင့် ချောကလက်ဟူ၍ အရောင်သုံးမျိုးရှိမည်ဖြစ်သည်။ တန်ဖိုးမှာ ၃၀,ဝဝဝ ကျပ် ဖြစ်ပြီး Ko Beno (IT,Mobile, Game Sale & Service Center ဖုန်း ၃၈၀၅၃၆ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။