ဆဋ္ဌမမြောက် ကိုးပရိုဆက်ဆာ Skylake

SkylakeS.jpg

ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ ပရိုဆက်ဆာ ထုတ်လုပ်မှု အမြင့်မားဆုံး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Intel ကုမ္ပဏီကြီးက ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်က Core Processor ပလက်ဖောင်းအတွက် ဆဋ္ဌမမြောက် မျိုးဆက်သစ် Skylake ကို ဈေးကွက်ဖြန့်ချိမှု စတင်ပြုလုပ် လိုက်ပါတယ်။ Core Processor Road Map အရ Tick-tock အညွှန်းအတိုင်း ဆက်လက်ထုတ်လုပ် လိုက်တာဖြစ်တယ်။ 14nm ထုတ်လုပ်မှုပုံစံတွင် ပဉ္စမမျိုးဆက် Broadwell ကို tick လို့ ပြဆိုခဲ့သလို Skylake လိုလည်း 14nm ထုတ်လုပ်မှုပုံစံဝင် tock အနေနဲ့ ညွှန်းဆိုတယ်။ Intel ရဲ့ လုပ်ရိုးလုပ်စဉ် release cycle အရ ကြည့်မယ်ဆိုရင်တော့ ထုတ်လုပ်နေကျ အချိန်ကာလအပိုင်း အခြားထက်စောပြီး ချပေးလိုက်ပုံကလည်း Skylake ရဲ့ ထူးခြားမှု တစ်ရပ်လို့ ဆိုရပါလိမ့်မယ်။ ယခင်အချိန်က ထုတ်လုပ်ခဲ့တဲ့ Core Processor တွေထက် Power Efficiency ဖြစ်မှုနဲ့ Wire-Free လုပ်ကိုင်ရည်ရှိမှုတို့ ရှိနေတဲ့အတွက် Skylake ကို ဆယ်စုနှစ်ရဲ့ ထူးခြားပြောင်မြောက်တဲ့ ပရိုဆက်ဆာတစ်ခုလို့ Intel က ဖွင့်ဆိုခဲ့တယ်။

ပဉ္စမမျိုးဆက် Broadwell လို ပင် Skylake ကို မျိုးကွဲ ၄ ခုနဲ့ အသုံးပြုခွင့် ရကြပါလိမ့်မယ်။ အတိုကောက် သင်္ကေတအရ (SKL-S), (SKL-H), (SKL-U), (SK L-Y) လို့ ခွဲခြားသတ်မှတ်ထားတယ်။ (SKL-Y), (SKL-U), (SKL-H) တို့က BGA (Ball Grid Array) အုပ်စုလို့ နားလည်နိုင်ပြီး (SKL-S/K) တို့ကိုတော့ lGA (Land Grid Array) အုပ်စုအဖြစ် နားလည်နိုင်ပါတယ်။ (SKL-S) မျိုးကွဲမှာ သာမန် Locked မျိုးကွဲ အပြင် K စီးရီးနဲ့ဟာ unlocked မျိုးကွဲပါဝင်စေမှာ ဖြစ်တဲ့အတွက် (SKL-S/K) လို့ တိတိကျကျခွဲ ခြားဖော်ပြပေး ထားတာဖြစ်တယ်။ ဒါ့ကြောင့် Skylake ရဲ့ SKUs အဖြစ် SKL-y (BGA) SKL-U (BGA) (SKL-y) (BGA) SKL-S/K (LGA) လို့ ခွဲခွဲခြားခြား မှတ်ယူနားလည် နိုင်ကြရပါလိမ့်မယ်။

Intel 14nm Skylake ရဲ့ မျိုးကွဲများအတွင်း တစ်ခုစီဖြင့် တွဲဖက်ရန် သီးသန့်စီစဉ် ထားချက်များ (Configuration) ကို လေ့လာကြည့်မယ် ဆိုရင် SKL-y (BGA) အတွက် Core Configuration မှာ 2 လို့နားလည်နိုင်ပြီး Graphic Configruation မှာ GT1 -12 EUs နဲ့ GT1-1.5 18 EUS အပြင် GT2-24 EUS တို့ ပါဝင်ပါလိမ့်မယ်။ Memory အတွက် (PD DDR3 (1600 Mhz) နဲ့ အသုံးပြုနိုင်ပြီး TDP အရ 4W ရှိပါလိမ့်မယ်။

SKL-U (BGA) အတွက် Core Configuration ကို 2/2 ပါဝင်စေပြီး Graphic မှာ GT2-24 EUs နဲ့ GT3e-48EUs ပါဝင်ထားတယ်။ eDRAM အဖြစ် 64MB-GT3e ခွင့်ပြုထားပြီး memory ကို LPDDR 3 (1600 MHz) ကို အသုံးပြုစေတယ်။ ပါဝင်သုံးစွဲမှုနဲ့ ပတ်သက်ပြီး TDP က (15-28)W ရှိတယ်။

SKL-H (BGA) အတွက် Core Configuration မှာ 4/4 ရှိ သွားပြီး Graphic မှာ GT2-24  EUs နဲ့ GT4e-72 EUs တို့ ပါဝင်ထားစေတယ်။ eDRAM အနေနဲ့ 128 MB-GT4e ကို ရယူစေနိုင် တယ်။ Memory ကို DDR4/DDR 4L တို့သုံးရမှာဖြစ်ပြီး TDP အနေနဲ့ (35-45) W ရှိပါတယ်။

Desktop သုံး SKL-S/K (LGA) မှာတော့ Core Configurration အနေနဲ့ 4/2/4 လို့ စီစဉ်ထားပြီး Graphic Configuration အတွက် GT2-24EUs တို့ GT2-24e 72 EUs ကို ပါဝင်ထားတယ်။ eDRAM အနေနဲ့ 64 MB GT4e ကို ရယူစေနိုင်တယ်။ Memory ကတော့ DDR4 (2133 MHz) လို့ ပြဆိုထားခဲ့တယ်။ TDP အနေနဲ့ (35-45W) ရှိပါလိမ့်မယ်။

SkyLake ပရိုဆက်ဆာကို ယေဘုယျ သဘောအရ Desktop အတွက် S မျိုးကွဲကို အသုံးပြုစေပြီး  Laptop များအတွက် U မျိုးကွဲကို အသုံးပြုရမယ်လို့ နားလည်နိုင်တယ်။ IDF (Intel Developer Forum) 2015 မှ 95 W Quad Core Unlocked SKUs ကို GT2-GPU တွေနဲ့အတူ ပထမဆုံး တာလွှတ်ပေးလိုက်တယ်။ Socket အရ LGA-1151 လို့ ပြောရမှာ ဖြစ်တယ်။ 100 Series (Z170/H170) Chipset သုံး Motherboard များမှာ တပ်ဆင်အသုံးပြု ရလိမ့်မယ်။ အရင်ထွက်ရှိပြီး Motherboard များထဲက Z97 နဲ့ Z87 Chipset သုံး Motherboard တွေဖြစ်ရင်တော့ PCI-leaves တို့ Super Speed USB တို့လို feature တွေ ပါဝင်မှ အဆင်ပြေပါလိမ့်မယ်။

Skylake ပရိုဆက်ဆာအနေနဲ့ ဆဋ္ဌမမြောက် မျိုးဆက်ဖြစ်တဲ့အလျှောက် ပိုပြီးမြန်ဆန်မှု ရယူနိုင်သလို ဂရပ်ဖစ် စွမ်းဆောင်ရည်ကလည်း ထူးထူးခြားခြား မြင့်တက်လာမှုရှိကာ ပါဝါသုံးစွဲမှုကလည်း ပိုမိုထိရောက်စွာ သုံးစွဲနိုင်စွမ်းရှိခဲ့တယ်။ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ Iron Lake မှာ Direct X 10.0 လောက်သာ အသုံးချနိုင်ပေမယ့် Skylake မှာ Direct X 12.0 အထိ အသုံးပြုနိုင်သွားတယ်။ နောက်ဆုံးပေါ်ပြူလာ ဖြစ်နေတဲ့ 4K မော်နီတာ သုံးလုံးအထိ နိုင်နင်းစွာ မောင်းနှင်ပေးနိုင်စွမ်း ရှိတဲ့အဆင့် ဖြစ်နေပါပြီ။ အထူးသဖြင့် eDRAM+ ကြောင့် Cache စွမ်းဆောင်ရည် မြင့်မြင့်မားမားရှိတယ်။ ဆက်သွယ်ဆောင်ရွက် ကိစ္စရပ်များအတွက် USB Type C Convertor တို့ USB 3.1 တို့ Displayport  1.2 တို့ PCI Express 3.0 တို့နဲ့အတူ Thunderbolt 3 ကို ပါ ပံ့ပိုးဆောင်ရွက် ပေးမှာဖြစ်တယ်။

ပထမဆုံး Desktop ကွန်ပျူတာသုံး SKL-S/K စီးရီးမှ Core i5-6500/6400 တို့နဲ့ Core i7-6700K/6600K တို့ကို ဈေးကွက်မှာ မြင်တွေ့နေကြရပြီ ဖြစ်ပြီး Laptop သုံးအတွက် SKL-U စီးရီးမှ Celeron 3855 U (1.6 GHz) Celeron 3955 U (2.0 GHz), Pentium 4450U (2.1 GHz), Core i3-6100U (2.3 GHz), Core i3-6200U (2.3GHz-2.8GHz), Core i5-6300 U (2.4 -3.00 GHz), Core i7-6500U (2.5GHz-3.1 GHz), Core i7-6600U (2.6 GHz-3.4 GHz) တို့ကို ဝယ်ယူ အသုံးပြုနိုင်တဲ့ အဆင့်ဖြစ်နေ ကြောင်း ရွှေကြိုလုပ် တင်ပြပေးလိုက် ရပါတယ်။