Ubuntu OS တွင် ဂီတလေ့ကျင့်ခန်း ဆော့ဖ်ဝဲများ ထည့်သွင်းခြင်း

greentree-audiolevel1.jpg

Ubuntu OS သုံးစွဲသူတွေနေနဲ့ မိမိကွန်ပျူတာဖြင့် တွဲဖက်ပြီး ဂီတလေ့ကျင့်ခန်းတွေကို ပြုလုပ်ချင်တယ်ဆိုရင် ဂီတနဲ့သက်ဆိုင်တဲ့ ဆော့ဖ်ဝဲတွေကို ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ ဂီတသင်္ကေတတွေနဲ့ ဂီတနဲ့ပတ်သက်တဲ့ သင်ခန်းစာ ဆော့ဖ်ဝဲတွေကို အသုံးပြုမယ်ဆိုရင် အမျိုးအစားများစွာ ရှိပါတယ်။ အဆိုပါအထဲက လူအသုံးပြုမှုများတဲ့ ဆော့ဖ်ဝဲတွေ ထည့်သွင်းပုံကို ဖော်ပြပေးလိုက်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲတွေကို ထည့်သွင်းရန်အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Solf’ge ဆိုတာကတော့ Music Education ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး Music နဲ့ ပတ်သက်တဲ့ Therory တွေ Chord တွေနဲ့ Scales တွေကို လေ့လာနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုမယ်ဆိုရင် Terminal မှာ sudo apt-get install solfege ဆိုတဲ့ command ကိုထည့်သွင်း ပေးရပါမယ်။

Keyboard တီးသူတွေ အတွက်ကတော့ JalMus ဆိုတဲ့ java ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ထည့်သွင်းချင်သူတွေ အနေနဲ့ Wget http://garr.dl.sourceforge.net/project/jalmus/Jalmus-2.3/installjalmus23.jar ဆိုတဲ့ command ကို ရိုက်ထည့်ပြီး ဖိုင်ကို download ပြုလုပ်ပါ။ ပြီးသွားရင် java -jar installjalmus23.jar ဆိုတဲ့ command ကို ရိုက်ထည့်ပြီး အဆိုပါ Installer ကို install ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးသွားရင် Dash ကိုနှိပ်လိုက်ပါ JalMus လို့ရိုက်ထည့်လိုက်ရင် အဆိုပါ ဆော့ဖ်ဝဲကို တွေ့မြင်ရပါလိမ့်မယ်။ JalMus မှာ Keyboard သမားတွေအတွက် လေ့ကျင့်နိုင်မယ့် ဂီတသင်္ကေတတွေနဲ့ Lesson များစွာကို ထည့်သွင်းပေးထားပါတယ်။

အထက်ဖော်ပြပါ ဆော့ဖ်ဝဲတွေဟာ Ubuntu OS ပေါ်မှာဂီတနဲ့ ပတ်သက်တဲ့ လေ့လာနိုင်စရာ ဆော့ဖ်ဝဲတွေထည့်သွင်းပုံ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော လေ့လာနိုင်မယ့် ဂီတဆော့ဖ်ဝဲ များစွာကိုလည်း ထည့်သွင်းလေ့လာ နိုင်မှာဖြစ် ပါတယ်။