iDevice များပေါ်တွင် စိတ်ကြိုက် အရောင်များဖြင့် ပန်းချီရေးဆွဲခြင်း

iDevice များပေါ်တွင် စိတ်ကြိုက် ပန်းချီပုံများ ရေးဆွဲခြင်းနဲ့ နောက်ခံ Background တွေကို အသုံးပြုပြီး ပန်းချီရေးဆွဲခြင်း၊ ဆေးရောင်ချယ်ခြင်းတွေကို ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒါဟာ ပုံဆွဲခြင်းကို ဝါသနာ ပါသူတွေအတွက် အဆင်ပြေစေ နိုင်တဲ့အပြင် ကလေးငယ်များ အတွက်လည်း ကာတွန်း ရုပ်ပုံများအား ဆေးရောင်စုံ ချယ်ခြင်းတွေကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြု နိုင်ဖို့အတွက် ကျွန်တော်တို့ ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ Draw Free ဆိုတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး ဒီဆော့ဖ်ဝဲကိုတော့ Apple Store ပေါ်ကနေ ဝယ်ယူအသုံးပြု နိုင်တဲ့အပြင် အခမဲ့ အသုံးပြုနိုင်တဲ့ ဗားရှင်းလည်း ရှိပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ဖြစ်ပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ ဘေးဘောင်မှာ အသုံးပြုရမယ့် စနစ်တွေကို တန်းစီပြီး ဖော်ပြပေးထားတာ တွေ့ရပါလိမ့်မယ်။ အစီအစဉ်အလိုက် ပထမဆုံးစနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ဆေးသုတ်တဲ့ စုတ်တံပုံစံ မျိုးတွေဖြစ်ပြီး ဆေးရောင်ချယ်ခြင်းတွေကို အသုံးပြုနိုင်တဲ့အပြင် ပန်းချီဆွဲဖို့လည်း အသုံးပြုနိုင်ပါတယ်။ စိတ်ကြိုက်အရောင်ကို ရွေးချယ်အသုံးပြု နိုင်မှာဖြစ်ပြီး ကိုယ်ဆွဲလိုက်တဲ့ ဆေးလိုင်းရဲ့ လိုင်းသေးခြင်း ကြီးခြင်းတွေကို အပေါ်ထိပ်မှာ ပြထားတဲ့ ဘားတန်းထဲမှာ ချိန်ညှိနိုင်ပါတယ်။

နံပါတ် ၂ စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့် မယ်။

ဒါကတော့ ရောင်စုံခဲတံတွေကို အသုံးပြုနိုင်တဲ့ နေရာဖြစ်ပါတယ်။

နံပါတ် ၃ စနစ်ကလည်း ရောင်စုံ ခဲတံတွေကိုပဲ အသုံးပြုတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် တတိယစနစ်မှာ ပါဝင်တဲ့ ရောင်စုံခဲတံတွေကတော့ မှင်စိုလိုပုံစံမျိုး ဖြစ်ပါတယ်။

နံပါတ် ၄ စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်ရ ပါလိမ့်မယ်။

ဒါကတော့ ဆေးပုံးပုံစံမျိုးတွေ ဖြစ်ပြီး ဒီစနစ်ကို အသုံးပြုရင်တော့ နောက်ခံတစ်ခုလုံးကို ဆေးပုံးနဲ့ လောင်းထားသလို အရောင်မျိုးတွေကို ရရှိစေနိုင်ပါတယ်။

နံပါတ် ၅ စနစ်ကို နှိပ်ရင်တော့ ခုလိုမျိုးမြင်ရ ပါလိမ့်မယ်။

ဒါကတော့ ကိုယ့်ရဲ့ရေးဆွဲမှုတွေမှာ မကြိုက်တဲ့ နေရာတွေရှိနေခဲ့ရင် ပြန်ဖျက်နိုင်တဲ့ ခဲဖျက်စနစ်နေရာ ဖြစ်ပါတယ်။

နံပါတ် ၆ စနစ်ကို နှိပ်ရင်တော့ ခုလိုမျိုး မြင်တွေ့ရ ပါလိမ့်မယ်။

ဒါကတော့ ကိုယ်ဆွဲတဲ့ပုံထဲမှာ ထည့်သွင်းချင်တဲ့ ကာတွန်းရုပ် ပုံလေးတွေကို ရွေးချယ်ထည့်သွင်းနိုင်တဲ့ နေရာဖြစ်ပါတယ်။

နံပါတ် ၇ စနစ်ကို နှိပ်လိုက်ရင် တော့ခုလိုမျိုး မြင်ရပါလိမ့်မယ်။

ဒါကတော့ နောက်ခံ Background တွေကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပြီး Background တွေကို ကာတွန်းပုံ၊ လူပုံ၊ အရောင်နောက်ခံ အစရှိသဖြင့် စုံစုံလင်လင်ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၈ စနစ်ကို နှိပ်ရင်တော့ ခုလိုမျိုးမြင်ရ ပါလိမ့်မယ်။

ဒါကတော့ ကိုယ်ဆွဲထားတဲ့ ရုပ်ပုံဘယ်နေရာမှာ Save လုပ်မယ်ဆိုတာကို ရွေးချယ်နိုင်တဲ့နေရာ ဖြစ်ပါတယ်။ Device ပေါ်မှာ Save လုပ်နိုင်သလို လူမှုကွန်ရက် တွေပေါ်ကိုလည်း ဝေမျှနိုင်ပါတယ်။

နောက်ဆုံး စနစ်ကတော့ အရောင်တွေကို ရွေးချယ်နိုင်တဲ့အပြင် ကိုယ်ရောစပ်ချင်သလို အရောင်တွေကို ရောစပ်နိုင်ပါတယ်။ ဒီနေရာမှာ အရောင်တွေကိုရော စပ်လိုက်တဲ့အချိန်မှာ ရောင်စုံခဲတံတွေမှာ ကိုယ်လိုချင်တဲ့ အရောင်ကိုရရှိကာ အသုံးပြုရေးဆွဲ နိုင်ပါလိမ့်မယ်။

-ကိုသက်