Volume Limit ကို iDevice များတွင် သတ်မှတ်ထားခြင်း

learnmusic-tete-main.jpg

iPhone, iPad, iPod Touch အစရှိတဲ့ device တွေပေါ်မှ သီချင်းနားထောင်တတ်တဲ့ ကလေးငယ်တွေရဲ့ အကြားအာရုံကို ဒုက္ခမဖြစ်စေရန်အတွက် အဆိုပါ iDevice တွေပေါ်မှာ volume limit ပြုလုပ်ပေးထားနိုင်ပါတယ်။ Volume limit ပြုလုပ်ထားတဲ့အတွက် Headphone ကို အသုံးပြုပြီး သီချင်းနားထောင်တဲ့ အခါမှာနားကိုအန္တရာယ် မဖြစ်စေနိုင်လောက်တဲ့ အသံမျိုးကို ထားပေးထားနိုင်မှာ ဖြစ်ပါတယ်။

iOS ပေါ်မှာ Volume Limit ပြုလုပ်ဖို့အတွက် ပထမဆုံး Settings ကိုဖွင့်လိုက်ပါ။ Settings အောက်ကို ရောက်သွားပြီဆိုရင် Music ဆိုတာကို ရှာဖွေလိုက်ပါ။ Music ကိုတွေ့ပြီဆိုရင် Music ကို နှိပ်လိုက်ပါ။ ညာဘက်အခြမ်းမှာရှိတဲ့ Music Menu အောက်ခြေအထိ ဆင်းလိုက်ပါ။ ဒါဆိုရင် Volume Limit ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဆိုပါ volume limit ဟာ default settings အနေနဲ့ဆို off ပြုလုပ်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။

Volume Limit ကို On လိုက်ပါ။ ပြီးသွားရင် အဆိုပါ volume limit ကို ကလေးငယ်များ နားထောင်နိုင်လောက်မယ့် အသံအနေအထားအထိ ချိန်ထားပေးလိုက်ပါ။ ပြီးသွားရင် volume limit ပြုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ ဒါဟာအခြားသူ တစ်ယောက်ယောက်ကနေ settings ကို ပြန်လည် ပြုပြင်နိုင်တဲ့ အဆင့်ဖြစ်တဲ့အတွက် အခြားသူပြန်လည် မပြုပြင်နိုင်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Volume Limit ကို အခြားသူ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင် စေရန်အတွက် ကိုယ့်ရဲ့ Passcode နဲ့ ကာကွယ်ရပါမယ်။ Passcode ကို ထည့်သွင်းပြီးသား ဆိုရင်တော့ Settings ထဲကိုသွားလိုက်ပါ။ ပြီးသွားရင် General ဆိုတာကို ရွေးချယ်ပေးရပါမယ်။ General အောက်ကို ရောက်ရင် Restrictions ဆိုတာကို ရွေးချယ်လိုက်ပါ။ Restrictions ထဲကိုရောက်ရင် Enable Restrictions ဆိုတာကို နှိပ်လိုက်ပါ။

ဒါဆိုရင် Passcode တောင်းပါလိမ့်မယ်။ Passcode ကို ထည့်သွင်းပြီး သွားတဲ့အခါမှာ Restrictions အောက်ခြေနားကို ရောက်အောင် သွားရပါမယ်။  Allow Changes ဆိုတဲ့ Group ကိုတွေ့ရင် Volume Limit ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Don’t Allow Changes ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အထက်ပါ အဆင့်တွေ ပြီးသွားရင်တော့ iDevice တွေကနေ သီချင်းများကို Headphone နဲ့ နားထောင်တဲ့အခါမှာ အသံကိုကိုယ် သတ်မှတ်ထားတဲ့ အဆင့်ထိပဲကြားရမှာ ဖြစ်ပါတယ်။