Samsung Galaxy Note 5

Galaxy-Note5(01)_TKK_Google_Review_3Sep2015.jpg

Device Support – Samsung
Price – 880,000 Ks

အားသာချက်

နည်းပညာပိုင်းနှင့် ဖုန်း၏လုပ်ဆောင်ချက် ပိုင်းများတွင် မြင့်မားသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော Hardware ပိုင်းများတွင်လည်း ကောင်းမွန်သည်။ ကင်မရာပိုင်းတွင် အဆင့်မြှင့်တင်မှုများ ရှိနေသည့်အပြင် အသံစနစ်ပိုင်း၊ ကွန်ပျူတာနှင့် ချိတ်ဆက် အသုံးပြုခြင်းအပိုင်း၊ Note စနစ်ပိုင်းများတွင် ကောင်းမွန်သော နည်းပညာများကို အသုံးပြုထားသော ဖုန်းဖြစ်သည်။

အားနည်းချက်

ဖုန်းတွင်ပါဝင်သော Pen မှာ ပြောင်းပြန်ထည့်မိပါက ပျက်နိုင်ကြောင်း သိရသည်။ Note Pen ၏အပေါက်မှာ ပြောင်းပြန်မှားယွင်း ထည့်သွင်းမိ နိုင်စေရန်အတွက် Pen ၏နောက်ဘက်ပိုင်းနှင့် လည်းအံဝင်ခွင်ကျ ဖြစ်နေမည်ဖြစ်သည်။

မြင်ကွင်း

ရှေ့ဘက် Screen မျက်နှာပြင်မှာ Super AMOLED ကို အသုံးပြုထားသည်။ မျက်နှာပြင်အကျယ် ၅.၇ လက်မရှိပြီး 1440×2560 Pixels (~518 ppi pixel density) ထိရှိနိုင်မည် ဖြစ်သည်။

ဒီဇီုင်း

ပုံစံဒီဇိုင်းမှာ လှပသေသပ်သော ပုံစံမျိုးရှိနေပြီး ထောင့်အနားလေးဘက် အနည်းငယ်ဝန်းဝိုင်းသော ပုံစံမျိုးရှိသည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး နောက်ဘက် ကာဗာမှာလည်း သတ္တုကာဗာ ဖြစ်သည်။ နောက်ဘက်ကာဗာမှာ Samsugn ၏ Edge Series ဖုန်းများ၏ မျက်နှာပြင်ကဲ့သို့ပင် အနားစောင်းများအား လုံးဝန်းသော ပုံစံမျိုးပြုလုပ် ထားသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၃၂ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ၇.၆၁ စင်တီမီတာနှင့် ထုထည် ၀.၇၆ စင်တီမီတာ ဖြစ်ခြင်းကြောင့်  ပါးလွှာမှုကောင်းမွန်သော ဖုန်းအမျိုးအစား ဖြစ်သည်။ စပီကာမှာဖုန်း၏ အောက်ခြေဘောင်ပေါ်တွင် တပ်ဆင်ပေးထားပြီး အောက်ခြေဘောင်၏ ညာဘက်တွင် Touch Pen ပါဝင်လာမည် ဖြစ်သည်။

နည်းပညာ

နည်းပညာပိုင်းတွင် အများအပြားတိုး မြင့်ပါဝင်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ Note စနစ်တွင် Screen ပေါ်၌ စာများရေးသားချိန်တွင် Note 5 မှာ Screen ပိတ်ထားသော အခြေအနေမျိုး၌ပင် စာများရေးသား နိုင်မည်ဖြစ်သည်။ အသံပိုင်းတွင် UHQ Audio နည်းပညာ ပါဝင်လာပြီး ၎င်းနည်းပညာမှာ ကြိုးမဲ့ချိတ်ဆက်မှုအတွက် ကောင်းမွန်သော အသံအရည်အသွေးကို ပေးနိုင်မည်ဖြစ်သည်။ ကင်မရာပိုင်းတွင် Live Broadcast စနစ်ပါဝင်လာပြီး ယင်းစနစ်မှာ Note 5 ဖြင့် ဗီဒီယိုများ ရိုက်ကူးနေချိန်တွင် တစ်ပြိုင်နက်တည်း Youtube ပေါ်သို့ တိုက်ရိုက် ထုတ်လွှင့်နိုင်မည့် နည်းပညာတစ်ခု ဖြစ်သည်။ ဖုန်းအားကွန်ပျူတာနှင့် ချိတ်ဆက်ကာ ကွန်ပျူတာပေါ်မှနေ၍ ဖုန်းလုပ်ဆောင်ချက်များကို တိုက်ရိုက်အသုံး ပြုနိုင်မည်ဖြစ်သော SideSync နည်းပညာအပါအဝင် အခြားနည်းပညာများကိုလည်း အသုံးပြုသူများ ထိတွေ့နိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်

GSM 2G/3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်တွင်းအတွက် Samsung ၏ Note Series ဖုန်းများတွင် ပထမဆုံး Dual Sim ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ Quad-core 1.5 GHz Cortex-A53 & Quad-core 2.1 GHz Cortex-A57 CPU များကို အသုံးပြုထားပြီး ဂရပ်ဖစ်စနစ် အတွက်လည်း Mali-T760MP8 GPU ကို အသုံးပြုထားသည်။ Internal Memory 32GB နှင့် RAM 4GB ပါဝင်မည်ဖြစ်ပြီး မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်မည် မဟုတ်ပါ။ Exynos 7420 Chipset ကိုအသုံးပြုထားပြီး 16 Mega Pixel နောက်ဘက်ကင်မရာနှင့် 5 Mega Pixel ရှေ့ကင်မရာများ ပါဝင်မည်ဖြစ်သည်။ Finger Print Sensor ပါဝင်မည်ဖြစ်ပြီး Bluetooth v4.2, A2DP, EDR, LE စနစ်၊ USB 2.0 စနစ်များ ပါဝင်မည် ဖြစ်သည်။ ဘက်ထရီမှာ Li-Po 3000 mAh ဘက်ထရီကို ထည့်သွင်းပေးထားသည်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက Note 5 သည်ဖုန်းတွင် အသုံးပြုထားသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်ပြီး ဖုန်းတွင်အသုံးပြုထားသော နည်းပညာ ပိုင်းများတွင်လည်း မြင့်မားကောင်းမွန်သောကြောင့် အိတ်ဆောင်ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးဝင်သော ဖုန်းအမျိုးအစား ဖြစ်သည်။ Finger Print စနစ်ပါဝင်သည့်အတွက် အသုံးပြုသူ၏ အချက်အလက် လုံခြုံရေး ကောင်းမွန်ပြီး ဖုန်းတွင်ပါဝင်သော S Pen အား ပြန်လည်ထည့်သွင်းရာတွင် ပြောင်းပြန်မထည့်မိ စေရန်အတွက် ဂရုစိုက်ရမည် ဖြစ်သည်။