PS4 အတွက် Lord of Fallen

Lord-of-Fallen.jpg

PS4 အတွက် Lord of Fallen ဂိမ်းခွေ ထွက်ရှိလာကြောင်း သိရသည်။

” Developers နဲ့ publisher က CI games မှဖြစ်ပါတယ်။ Rating ဟာ Mature 17+ ဖြစ်တဲ့အတွက် ဓားခုတ်ရုံသက်သက်မဟုတ်ဘဲ RPG ပါပေါင်းထားတဲ့ Action RPG အမျိုးအစားဖြစ်တာကြောင့် ဂိမ်း အတွေ့ အကြုံရှိတဲ့သူတွေသာ ကစားရ အဆင်ပြေမှာပါ။ ရုပ်ထွက်ပိုင်းကတော့ gamer တွေ ကျေနပ်စေမယ့် ရုပ်ထွက်ဖြစ်ပါတယ်။ တိုက်ခိုက်ရေးစနစ်ဟာ ရှုပ်ထွေးတဲ့ skill တွေ၊ supernatural abilities တွေ၊ များပြားလှတဲ့ လက်နက်တွေ အားလုံးပေါင်းစပ်ပြီးမှ ရန်သူတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပ်နည်းမှားရင်တော့ Boss တွေနဲ့ရင်ဆိုင်တဲ့အချိန် အခက်ခဲတွေ့စေမှာဖြစ်ပါတယ်” ဟု PHYO IT PLAZA (MOBILE, CAMERA, GAME) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

PS4 အတွက်သာထွက်ရှိပြီး အသုံးပြုလိုပါက PHYO IT PLAZA (MOBILE, CAMERA, GAME) ဖုန်း ၀၂-၃၃၄၃၁  ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။