3rd World Savings Day Forum ကျင်းပမည်

ငွေကြေးကို အကျိုးရှိရှိ စီမံခန့်ခွဲတတ်စေရန် ရည်ရွယ်ပြီး Financial Challenenges in the COVID-19 ERS 3rd World Savings Day Forum in Myanmar ကို နိုဝင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

3rd World Savings Day Forum မှာ ငွေကြေးရေးရာကျွမ်းကျင်ပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ဟောပြောပို့ချချက်တွေကို နားထောင်နိုင်မှာ ဖြစ်ပြီး ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေ၊ Stock exchanges ကုမ္ပဏီတွေ၊ Fintech ကုမ္ပဏီတွေနဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေက Webinar series တွေနဲ့ ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ အခမ်းအနားကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့နဲ့အတူ GIZ, SBFIC, DGRV, JICA နဲ့ UNCDF တို့က ဦးဆောင်ပြီး CB Bank, Yoma Bank, KBZ Bank, Wave Money, Prudential Myanmar နဲ့ Monkiri တို့က Co-sponsor များအဖြစ် အတူတကွပါဝင်ကာ Zoom Webinar မှတစ်ဆင့် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကို https://www.facebook.com/events/481466449497616/?event_time_id=481466452830949 မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««