3D Touch မပါဝင်တဲ့ ၆.၁ လက်မ iPhone ကို Apple ဖြန့်ချိဖွယ်ရှိ

ကောလာဟလထွက်ပေါ်ခဲ့တဲ့ ၆.၁ လက်မ iPhone နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်သစ်တွေကို KGI Securities ရဲ့ လေ့လာဆန်းစစ်သူ Ming-chi Kuo က ဝေမျှခဲ့ပါတယ်။ ဒါ့အပြင် ဒီဖုန်းကို ၂၀၁၈ ဒုတိယနှစ်ဝက်မှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

ဒီ ၆.၁ လက်မ iPhone မှာ iPhone 8 လို aluminum frame အပြင် standard non-stacked logic board နဲ့ ထောင့်မှန်စတုဂံပုံ ဘက်ထရီတို့ ပါဝင်လာမယ်လို့ Kuo ရဲ့ သုတေသနမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ Display က အရင်လို bezel-reducing ဒီဇိုင်းဖြစ်ပြီး Face ID အတွက် notch တစ်ခုပါဝင်မယ်လို့ ဆိုပါတယ်။ Display ကတော့ LCD panel ဖြစ်တယ်လို့ Kuo က ပြောကြားခဲ့ပါတယ်။

၆.၁ လက်မ iPhone က mid-range ထုတ်ကုန်တစ်ခုဖြစ်ပြီး တန်ဖိုးက ဒေါ်လာ ၇၀၀ ကနေ ၈၀၀ ကြား ကျသင့်နိုင်တယ်လို့ Kuo က ပြောပါတယ်။ ဒီဖုန်းကို စက်တင်ဘာလနဲ့ အောက်တိုဘာလကြားမှာ မိတ်ဆက်ကြေညာဖွယ်ရှိပြီး ၅.၈ လက်မ iPhone X မော်ဒယ်သစ်နဲ့ iPhone X Plus လို့ခေါ်တဲ့ ၆.၅ လက်မ မော်ဒယ်တို့နဲ့အတူ တွေ့မြင်ရမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: MacRumors