3D printer နှင့် desktop ထုတ်ကုန် သစ်များကို HP မိတ်ဆက်

HP-3D-Printer.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်က Hewlett-Packard (HP) ကုမ္ပဏီသည် ကုမ္ပဏီကြီး များအတွက် မြန်ဆန်မှု ရှိသော 3D printer တစ်လုံးနှင့် သုံးစွဲသူများအတွက် လွယ်ကူစွာ အသုံးပြုနိုင်သည့် desktop ကွန်ပျူတာ ထုတ်ကုန်များကို မိတ်ဆက်ခဲ့သည်။

အဆိုပါ ထုတ်ကုန်များကို HP ၏ printing နှင့် personal systems ဌာနမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်အတွင်း ကုမ္ပဏီအနေဖြင့် ထုတ်လုပ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ထုတ်ကုန်များသည် ကုမ္ပဏီကို အကျိုးအမြတ်များစွာ ရရှိစေနိုင်မည့် လက်တွေ့ဘဝဖြင့် ပေါင်းစပ်ထားသော နည်းပညာဖြင့် တည်ဆောက်ထားပြီး နှစ်ဖက်မြင် ပုံရိပ်နှင့် သုံးဖက်မြင် ပုံရိပ်များအကြား ကွာဟမှုများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ HP ၏စားသုံးသူ hardware ကုမ္ပဏီမှ မိတ်ဆက်ပြသ ခဲ့သည့်ထုတ်ကုန် များသည်လုပ်ငန်း ပိုင်းဆိုင်ရာ လက္ခဏာများကို အလုံးစုံပြောင်းလဲ နိုင်ကြောင်းသိရသည်။

လုပ်ငန်းများအတွက် 3D printer သစ်သည် အရည်အသွေး မြင့်သည့်အစိတ်အပိုင်းနှင့် တန်ဆာပလာများကို ထုတ်လုပ်နိုင်ပြီး ပြိုင်ဘက်များမှ ထုတ်လုပ်သည့် ဈေးနှုန်းများထက် သက်သာပြီး ၁၀ ဆမြန်ဆန်ကြောင်း HP မှပြောကြားခဲ့သည်။ ၎င်း 3D printer တွင် Multi Jet Fusion နည်းပညာ အသုံးပြုထားသောကြောင့် ထုတ်လုပ်မည့် အရာဝတ္ထု၏ အရောင်နှင့် ပုံစံ၊ ခံနိုင်ရည်အား၊ အရည်အသွေး၊ ဆန့်ကျုံ့သတ္တိများအပြင် လျှပ်စစ်နှင့် အပူဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်နိုင်သည်။ HP ကုမ္ပဏီအနေဖြင့် လုပ်ငန်းပိုင်းနှင့် ပုံနှိပ်ဝန်ဆောင်မှု ကုမ္ပဏီများအတွက် ထုတ်လုပ်ထားသော 3D printer ဈေးနှုန်းကို မထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Ref: SFGate