3D printer သုံးပြီး တည်ဆောက်ခဲ့တဲ့ နှစ်ထပ်တိုက်

ဘယ်လ်ဂျီယံကုမ္ပဏီ Kamp C ဟာ 3D printer အသုံးပြုပြီး နှစ်ထပ်တိုက်တစ်လုံးကို အပြီးအစီး တည်ဆောက်ခဲ့ပါတယ်။ အိမ်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို BOD2 လို့အမည်ရတဲ့ ဘိလပ်မြေ printer နဲ့ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ printer ကို COBOD ကုမ္ပဏီက ဖန်တီးထားပါတယ်။

အိမ်တစ်လုံးကို ၁၅ ရက်အတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ပါဝင်တဲ့ ကျောင်းသားတွေက ကျောင်းအချိန်နဲ့ ကိုက်ညီအောင် လပေါင်းများစွာ ဖြန့်ကြက်လုပ်ဆောင်ခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အိမ်တည်ဆောက်မှု စတင်ခဲ့ပါတယ်။ အိမ်တည်ဆောက်မယ့် နေရာဆီ 3D printer ကိုပေးပို့ခဲ့ပြီး ကရိန်းနဲ့ တပ်ဆင်ခဲ့ပါတယ်။ အလုပ်သမားတွေက printer ကိုတပ်ဆင်၊ ထိန်းသိမ်းခဲ့ကြပါတယ်။ BOD2 စက်ဟာ စတင် အလိုအလျောက် လည်ပတ်ပြီဆိုတာနဲ့ အနီးအနားနဲ့ ကွန်ပျူတာနဲ့စောင့်ကြည့်မယ့် လူတစ်ယောက်ပဲ လိုပါတော့တယ်။

3D Printer ကိုတည်ဆောက်ပြီးတာနဲ့ ဘယ်လ်ဂျီယံက မြေပေါ်မှာ အိမ်တစ်လုံးကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်။ အနာဂတ်မှာ လူတွေ ငှားရမ်းနေထိုင်မယ့် အိမ်နဲ့ ရုံးခန်းတွေကို တည်ဆောက်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ Kamp C ကပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET