3D printer နဲ့ ၂၄ နာရီအတွင်း ဆောက်ထားတဲ့ အိမ်

အမေရိကန် အခြေစိုက်ကုမ္ပဏီ Apis Cor ဟာ ၄၀၀ စတုရန်းပေ အကျယ်ရှိတဲ့ အိမ်တစ်လုံးကို 3D printer နဲ့ ၂၄ နာရီအတွင်း တည်ဆောက်ခဲ့ပါတယ်။

ဒီကုမ္ပဏီဟာ အဆောက်အအုံ တစ်ခုလုံးကို print ထုတ်ပေးနိုင်တဲ့ portable 3D printer တစ်လုံးကိုဖန်တီးတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်ပါတယ်။

အက်စကီးမိုး ရေခဲအိမ်ပုံစံ အဆိုပါ တစ်ထပ်အိမ်ကို ရုရှားနိုင်ငံ မော်စကိုမြို့အနီးမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အသုံးပြုထားတဲ့ ကုန်ကြမ်းတွေက အနည်းဆုံး ၁၇၅ နှစ်ကြာ ခံနိုင်ရည်ရှိတယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။

အဲ့ဒီအိမ်အတွက် ၁၀,၁၃၄ ဒေါ်လာသာ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

Ref: Metro