3D Face Unlock, GPU Turbo နဲ႔ Kirin 970 ပါဝင္တဲ့ Huawei Nova 3

[Zawgyi]

Huawei ဟာ flagship Kirin 970 AI chipset ပါဝင္တဲ့ Nova 3 ကို Nova 3i စမတ္ဖုန္းနဲ႔အတူ တ႐ုတ္ႏိုင္ငံမွာ ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ ဒီဖုန္းမွာ မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ GPU Turbo နည္းပညာကို ေထာက္ပံ့ေပးထားပါတယ္။

Huawei Nova စီးရီးဟာ ကင္မရာကို အသားေပးတဲ့ စမတ္ဖုန္းေတြျဖစ္ပါတယ္။ ဒါေၾကာင့္ Nova 3 သစ္မွာလည္း အလားတူစနစ္ကို က်င့္သံုးထားပါတယ္။ ၂၀၁၇ ဒီဇင္ဘာလက မိတ္ဆက္ခဲ့တဲ့ Nova 2S လိုပဲ ေမာ္ဒယ္သစ္မွာ ကင္မရာေလးလံုး ပါဝင္လာပါတယ္။ ဒါေၾကာင့္ အရည္အေသြးေကာင္းမြန္တဲ့ selfie ဓာတ္ပံုေတြကို bokeh နဲ႔ ဖမ္းယူႏိုင္ေစမွာျဖစ္ပါတယ္။

Huawei Nova 3 ဒီဇိုင္း

Huawei ဟာ မၾကာေသးခင္က မိတ္ဆက္ထားတဲ့ ထုတ္ကုန္ေတြလိုပဲ ေမာ္ဒယ္သစ္မွာ မွန္ကိုယ္ထည္ကိုပဲ အသံုးျပဳထားပါတယ္။ ဒါေၾကာင့္ Huawei Nova 3 ရဲ႕ အေရွ႕ဘက္ေရာ ေက်ာဘက္မွာပါ 3D double curved glass ပါဝင္လာပါတယ္။ အေရာင္အေနနဲ႔ Black, Light Blue, Primrose Gold နဲ႔ Blue Violet ဆိုၿပီး ေလးမ်ိဳးရရိွႏိုင္ပါတယ္။

ဖုန္းရဲ႕အေရွ႕ဘက္မွာ 3D face recognition အတြက္ ambient light, proximity, IR light sensor ေတြလို sensor အခ်ိဳ႕၊ ကင္မရာႏွစ္ခုနဲ႔ earpiece ပါဝင္တဲ့ notch တစ္ခုကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အဲ့ဒီ notch ဟာ OnePlus 6 လို notch ဖုန္းအခ်ိဳ႕ထက္ ႀကီးမားပါတယ္။

Huawei Nova 3 Specs

Huawei Nova 3 မွာ ၆.၃ လက္မ 19.5:9 aspect ratio display ပါဝင္ၿပီး resolution က 2340 x 1080p ျဖစ္ပါတယ္။ ဒီဖုန္းဟာ IR face unlock ေတြအျပင္ 3D face recognition payment ေတြကိုလည္း ေထာက္ပံ့ေပးႏိုင္ပါတယ္။ ေက်ာဘက္မွာလည္း fingerprint sensor ကို ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္ကင္မရာေတြက 24MP f/2.0 sensor + 2MP sensor ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာက AI feature ေတြအျပင္ အဆင့္ျမွင့္ထားတဲ့ beauty mode ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။
ေက်ာဘက္ကင္မရာကေတာ့ 16MP + 24MP dual camera setup ျဖစ္ပါတယ္။

Nova 3 ကို flagship Kirin 970 AI chipset နဲ႔အတူ 6GB RAM နဲ႔အသံုးျပဳႏုိင္ပါတယ္။ သိုေလွာင္မႈပမာဏကို 64GB နဲ႔ 128GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ MicroSD ကေနတစ္ဆင့္ သိုေလွာင္မႈပမာဏကို 256GB အထိ တိုးျမွင့္ႏိုင္ပါတယ္။ ဘက္ထရီက 3,750mAh ျဖစ္ပါတယ္။ 3.5mm နားၾကပ္ေပါက္လည္း ပါဝင္လာပါတယ္။
GPU Turbo ကို ေထာက္ပံ့ေပးထားတာေၾကာင့္ အရြယ္ႀကီးမားတဲ့ screen ေပၚမွာ ေခ်ာေမြ႕တဲ့ gaming အေတြ႕အႀကံဳကို ရရိွေစမွာျဖစ္ပါတယ္။

အျခား ထင္ရွားတဲ့ feature ေတြကေတာ့ 3D Emoji AR support, Android 8.1 အေျခခံ EMUI 8.2, USB Type-C နဲ႔ dual SIM support တို႔ ျဖစ္ပါတယ္။

Huawei Nova 3 ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္

Nova 3 ရဲ႕ေစ်းႏႈန္းက 6GB + 128GB ေမာ္ဒယ္အတြက္ ၂,၉၉၉ ယြမ္ (၄၄၅ ေဒၚလာ) က်သင့္မွာျဖစ္ပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[foogallery id=”88679″]

[Unicode]

Huawei ဟာ flagship Kirin 970 AI chipset ပါဝင်တဲ့ Nova 3 ကို Nova 3i စမတ်ဖုန်းနဲ့အတူ တရုတ်နိုင်ငံမှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းမှာ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ GPU Turbo နည်းပညာကို ထောက်ပံ့ပေးထားပါတယ်။

Huawei Nova စီးရီးဟာ ကင်မရာကို အသားပေးတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။ ဒါကြောင့် Nova 3 သစ်မှာလည်း အလားတူစနစ်ကို ကျင့်သုံးထားပါတယ်။ ၂၀၁၇ ဒီဇင်ဘာလက မိတ်ဆက်ခဲ့တဲ့ Nova 2S လိုပဲ မော်ဒယ်သစ်မှာ ကင်မရာလေးလုံး ပါဝင်လာပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို bokeh နဲ့ ဖမ်းယူနိုင်စေမှာဖြစ်ပါတယ်။

Huawei Nova 3 ဒီဇိုင်း

Huawei ဟာ မကြာသေးခင်က မိတ်ဆက်ထားတဲ့ ထုတ်ကုန်တွေလိုပဲ မော်ဒယ်သစ်မှာ မှန်ကိုယ်ထည်ကိုပဲ အသုံးပြုထားပါတယ်။ ဒါကြောင့် Huawei Nova 3 ရဲ့ အရှေ့ဘက်ရော ကျောဘက်မှာပါ 3D double curved glass ပါဝင်လာပါတယ်။ အရောင်အနေနဲ့ Black, Light Blue, Primrose Gold နဲ့ Blue Violet ဆိုပြီး လေးမျိုးရရှိနိုင်ပါတယ်။

ဖုန်းရဲ့အရှေ့ဘက်မှာ 3D face recognition အတွက် ambient light, proximity, IR light sensor တွေလို sensor အချို့၊ ကင်မရာနှစ်ခုနဲ့ earpiece ပါဝင်တဲ့ notch တစ်ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီ notch ဟာ OnePlus 6 လို notch ဖုန်းအချို့ထက် ကြီးမားပါတယ်။

Huawei Nova 3 Specs

Huawei Nova 3 မှာ ၆.၃ လက်မ 19.5:9 aspect ratio display ပါဝင်ပြီး resolution က 2340 x 1080p ဖြစ်ပါတယ်။ ဒီဖုန်းဟာ IR face unlock တွေအပြင် 3D face recognition payment တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ကျောဘက်မှာလည်း fingerprint sensor ကို ထည့်သွင်းထားပါတယ်။ အရှေ့ဘက်ကင်မရာတွေက 24MP f/2.0 sensor + 2MP sensor ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက AI feature တွေအပြင် အဆင့်မြှင့်ထားတဲ့ beauty mode ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
ကျောဘက်ကင်မရာကတော့ 16MP + 24MP dual camera setup ဖြစ်ပါတယ်။

Nova 3 ကို flagship Kirin 970 AI chipset နဲ့အတူ 6GB RAM နဲ့အသုံးပြုနိုင်ပါတယ်။ သိုလှောင်မှုပမာဏကို 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။ MicroSD ကနေတစ်ဆင့် သိုလှောင်မှုပမာဏကို 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီက 3,750mAh ဖြစ်ပါတယ်။ 3.5mm နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။
GPU Turbo ကို ထောက်ပံ့ပေးထားတာကြောင့် အရွယ်ကြီးမားတဲ့ screen ပေါ်မှာ ချောမွေ့တဲ့ gaming အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။

အခြား ထင်ရှားတဲ့ feature တွေကတော့ 3D Emoji AR support, Android 8.1 အခြေခံ EMUI 8.2, USB Type-C နဲ့ dual SIM support တို့ ဖြစ်ပါတယ်။

Huawei Nova 3 စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်

Nova 3 ရဲ့စျေးနှုန်းက 6GB + 128GB မော်ဒယ်အတွက် ၂,၉၉၉ ယွမ် (၄၄၅ ဒေါ်လာ) ကျသင့်မှာဖြစ်ပါတယ်။

Ref: GizmoChina

-နောင်နောင်

[foogallery id=”88679″]