Wirelurker iOS malware ဖြန့်ချိသူ သုံးဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီးခဲ့

Wirelurker.jpg
ဘေကျင်း ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းသည် third-part app စတိုးမှတစ်ဆင့် Wirelurker malware များဖြန့်ချိ နေသူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ယခုလ တတိယပတ်အတွင်းက သတင်းထုတ်ပြန်ခဲ့သည်။ ယခုအခါ malware များ ဖြန့်ချိနေသည့် ပရိုဂရမ်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရဲများကေ ပြာကြားခဲ့သည်။
Wirelurker သည်လုပ်ငန်းများက ၎င်းတို့၏ကိုယ်ပိုင် software များ install ပြုလုပ်ရန် ဒီဇိုင်းဆွဲထားသည့် enterprise provisioning setting ကြောင့် iPhone ၏တင်းကျပ်ထားသော software ထိန်းချုပ်မှုများသို့ ထိုးဖောက် ဝင်ရောက်နိုင်သည့် ပထမဆုံး malware ဖြစ်လာသည်။ အဆိုပါ malware ထိခိုက်ထားသော desktop ကွန်ပျူတာသို့ USB slot မှတစ်ဆင့် iPhone ကိုချိတ်ဆက်လိုက်လျှင် ၎င်းဗိုင်းရပ်စ်သည် ဝိုင်ယာမှ ဝင်ရောက်လာနိုင်သည်။ FireEye လုံခြုံရေးကုမ္ပဏီမှ သုတေသီများက ၎င်းအားနည်းချက်သည် loophole တစ်ခုတည်းမှ ဝင်ရောက် တိုက်ခိုက်လေ့ ရှိကြောင်းအစီရင် ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ malware သည် ထုတ်ကုန်များစွာတွင် ရှိနေကြောင်း အတိအကျ မသိရှိသေးသော်လည်း FireEye ကုမ္ပဏီ၏ လုံခြုံရေးမှတ်တမ်းတွင် ၎င်း malware ထိခိုက်ခံရသည့် အရေအတွက် တွေ့ရခဲကြောင်း သိရသည်။
-စိုးထက်
Ref: TheVerge