Aurel Vlaicu The Gyrocopter

Aurel-Vlaicu-The--Koboo-Online-article-2015Aug27.jpg

TI5 တစ်လျှောက်လုံးမှာ 100%  Pick/ Ban Rate ရှိခဲ့ပြီး Teamfight Meta နဲ့ အံဝင်ခွင်ကျဖြစ်ခဲ့ရတဲ့ Range Agility Hero တစ်ကောင်ဖြစ်သော Gyrocopter
ဟာ Damage Output အမြောက်အမြား ထုတ်နိုင်တဲ့ Carry တစ်ကောင်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Ability တွေဟာ အစ၊ အလယ်၊ အဆုံးအသုံးဝင်တဲ့အပြင် Illusion, Summon Unit, Long Range Caster hero တွေ အားလုံးကို ငယ်နိုင်ဖြစ်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လက်ရှိ Meta မှာ Pro ကြိုက်များရခြင်းပဲ ဖြစ်ပါတယ်။ Public Matchmaking တွေမှာတော့ နံပါတ် ၂၃ နေရာမြောက် ရေပန်းအစားဆုံးဖြစ်ပြီး ကစားသမားအများစုက Nerf လုပ်ပေးဖို့ တောင်းဆိုခြင်းခံရတဲ့ Hero စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်လျက်ရှိပါတယ်။ v6.82 ကနေ သိသိသာသာ ပြောင်းလဲခဲ့တဲ့ Teamfight Gold Bounty စနစ်
အရ Gyrocopter ဟာTeamfight တစ်ခုမှာ ပါဝင်လိုက်ရုံနဲ့ ငွေရအလွယ်ဆုံး Hero တစ်ကောင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်သူ့ရဲ့ Flask Cannon ဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ Overpower ဖြစ်နေခဲ့လို့ လာမယ့် v6.85 Patch မှာ IceFrog ဘာလုပ်မလဲစောင့်ကြည့်ရတော့မယ့် Hero စာရင်းမှာ ပါဝင်လျက် ရှိပါတော့တယ်။

Background Story

စစ်ပွဲများ၊ တော်လှန်ရေးများ၊ အရေးအခင်းများနဲ့အတူ ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့အပြီးမှာတော့ Aurel ဟာ အနားယူဖို့ အချိန်တန်ခဲ့ပြီ ဖြစ်ပါတယ်။ ဘဝမှတ် တိုင်တစ်လျှောက် ဆုတံဆိပ်၊ ဂုဏ်ပြု ရင်ထိုးများစွာရရှိခဲ့တဲ့ ဒီအင်ဂျင်နီယာဟောင်းကြီးဟာ သူ့ရဲ့ မပြီးဆုံးသေးတဲ့ ကမ္ဘာ့ပထမဆုံး၊ မှော်ပညာကင်းကင်း နဲ့ လေထဲဝဲပျံနိုင်မယ့် လူသားလုပ် မိုးပျံယာဉ်တစ်ခုကိုစိတ်ကူးယဉ်ကာရေးဆွဲထားတဲ့ ပုံကြမ်းကိုသူ့ရဲ့ ပင်ဆင်ခရီးအတွက် ယူဆောင်လာခဲ့ပါတယ်။ သူ့ရဲ့ စက်ကိရိယာကို တီထွင်ဖို့အတွက် အချိန်နဲ့ငွေအချို့ကို ရင်းနှီးကာအပူပိုင်းက ကျွန်းစုလေးတစ်ခုသို့ Aurel က ထွက်ခွာလာခဲ့ပါ တယ်။ နှစ်အနည်းငယ်ကြာသည်အထိ ပြင်ဆင်တီထွင်ခဲ့တဲ့ စက်ပစ္စည်းအပျက်အစီးများတောင်လိုပုံလာခဲ့ပြီးနောက်မှာတော့ သူဟာ စက်ပစ္စည်းနဲ့ ပျံသန်းနိုင်မယ့် ဖြစ်နိုင်ချေရှိမှုတစ်ခုကို ဝမ်းမြောက်စွာ ရှာတွေ့ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုနဲ့ ရက်အနည်းငယ်အကြာ သာသာယာယာ ရှိပြီး တောင်လေအေးအေးလေး တိုက်ခတ်နေခဲ့တဲ့ နေ့တစ်နေ့မှာတော့ Aurel ဟာ ထုံးစံအတိုင်းသူ့ရဲ့ တီထွင်မှုကနေ ပေါက်ကွဲထွက်လာမယ့် ပစ္စည်းအတိုအစများ ရန်ကနေ ကာကွယ်ဖို့နေရာ ယူပြီး အင်ဂျင်မောင်းတံကို ဆွဲချလိုက်ပါတယ်။ သို့သော်ငြားလည်း သူ့ရဲ့ဝမ်းသာပျော်ရွှင်မှုကို မြင့်မားလာစေဖို့ တီထွင်ထားတဲ့ အပိုင်းအစများဟာ အပျက်အစီးမရှိဘဲ ပုံမှန်လည်ပတ်နေတာကို တွေ့လိုက်ရပါတယ်။ အချိန် တစ်နာရီလောက်ကြာမြင့်အောင် ပင်လယ် စင်ရော်များနဲ့အတူ လေအဟုန်ကို ထိုးခွဲပျံသန်းနေခဲ့တဲ့ Aurel ဟာ အသက်ရှူ မှားလောက်တဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ရပါတယ်။ စမ်းသပ်မောင်းနှင်လို့ ဝသွားတဲ့အချိန်မှာတော့ သူ့ရဲ့ Workshop  ကလေးရှိရာသို့ ပျော်ရွှင်စွာ ပျံသန်းလာတဲ့ခရီးမှာ ထင်မှတ်မထားတဲ့အဖြစ် ဆိုးတစ်ခုကို ကြုံတွေ့ခဲ့ရပါတော့တယ်။ အမြောက်ကျည်ဆန်တစ်လုံးဟာ သူ့ရဲ့ လေယာဉ်ပျံကလေးရဲ့ ပဲ့ပိုင်းကို ထိမှန်ခဲ့တာကြောင့်  Aurel ဟာ လေယာဉ်အပျက်အစီးများနဲ့အတူ ပင်လယ်ထဲကို ကျသွားခဲ့ပါတယ်။ အနီးဆုံးမှာမြင်ရတဲ့ ကျွန်းငယ်လေးတစ်ခုဆီသို့ လက်ပစ်ကူးလာရင်း အမြောက်ကျည်ဆန်ကို ပစ်လွှတ်လိုက်တဲ့ သင်္ဘောကို ကျိန်ဆဲနေခဲ့ပါတယ်။ ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ Aurel ဟာ သူ့ရဲ့ Workshop သို့ ပြန်လာခဲ့ပြီး နောက်ထပ် မိုးပျံယာဉ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တီထွင်မှုကတော့ အန္တရာယ်ကြီးမားလှတဲ့ အဖျက်လက်နက်များကို သယ်ဆောင်နိုင်တဲ့ ဒီဇိုင်းနဲ့ မိုးပျံ ယာဉ်ပဲဖြစ်ပါတော့တယ်။

နောက်ဆုံးအဆင့် Hero တစ်ကောင်ကို 690 Damage ပမာဏဖြင့် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Rocket Barrage ဟာ Ultimate မဟုတ်ဘဲ Damage Output များလွန်းတဲ့ AoE Damage Ability တစ်ခုဖြစ်ပါတယ်။ AoE ဆိုပေမယ့် မိမိရဲ့ နေရာယူတတ်မှုပေါ် မူတည်ပြီး Damage သက်ရောက်မှု ပမာဏက ပြောင်း
လဲနိုင်ပါတယ်။ Gyro ရဲ့ ပတ်လည် 400 AoE အတွင်း မှာရှိတဲ့ Unit တွေကို Random ဖြင့် တိုက်ခိုက်မှာဖြစ်လို့ အဆိုပါ AoEထဲမှာ Unit တစ်ခုတည်းရှိမယ်ဆိုရင် တစ်ခုတည်းကို ရှိသမျှ ဒုံးကျည်အလုံး ၃ဝ စလုံးထိမှာဖြစ်လို့ နေရာကောင်းကောင်းယူတတ်ဖို့ လိုအပ်ပါတယ်။ တစ်လုံးကို 23 Damage ရှိတဲ့ ဒုံးကျည် အလုံးပေါင်း ၃ဝ ဟာ 3 seconds Duration အတွင်းမှာ 0.1 second ကို တစ်လုံးနှုန်း ထွက်မှာဖြစ်ပါတယ်။ Mana 90 နဲ့ နောက်ဆုံးအဆင့် Cooldown 5.5 seconds အထိ ကျဆင်းသွားမှာဖြစ်လို့ ခြွင်းချက်မရှိ lvl 7 မှာ ဂိတ်ဆုံးယူသင့်တဲ့ Ability တစ်ခု ဖြစ်ပါတယ်။

Gyrocopter စတင် ပါဝင်ခဲ့တဲ့ v6.68 မြေပုံမှာတော့ Homing Missile ဟာ လူကြိုက်အများဆုံး Ability တစ်ခုဖြစ်ခဲ့ပေမယ့် လက်ရှိခေတ် Professional Career မှာတော့ Attribute Plus နောက်မှတင်တဲ့ Ability တစ်ခုဖြစ်သွားခဲ့ပါတယ်။ အချိန်ကြာမြင့်တဲ့ Single Target Disable Ability ဖြစ်ပြီး Gyro ရဲ့ Damage Output များတဲ့ ထုံးစံအတိုင်းအများဆုံး 500 Damage အထိ သက်ရောက်နိုတဲ့ Ability တစ်ခုဆိုလည်း မမှားပါဘူး။ Homing Missile ဟာ အသုံးပြု ပြီး 3 seconds အကြာမှနေရာကနေ ထွက်ခွာမှာဖြစ်ပြီး Speed ဟာလည်း 320 Movement Speed နဲ့ စတင်မှာဖြစ်လို့ အခြား Disable တွေနဲ့ ယှဉ်ရင် စိတ်ရှည်စရာမကောင်းလို့ လူကြိုက်နည်းရခြင်း ဖြစ်ပါတယ်။ အဆင့်များများယူရင် Stun Duration က 2.2 seconds ကနေ 2.8 seconds အထိ တိုးလာမှာဖြစ်ပြီး Damage 125 ကနေ 500 အထိ တိုးလာမှာဖြစ်ပါတယ်။ အဆိုပါ Maximum Damage ကို သက်ရောက်စေဖို့ Missile စတင် အသုံးပြုတဲ့ နေရာကနေ 1500 အကွာအဝေး အထိဝေးနေ ဖို့လိုအပ်ပါတယ်။ ထူးခြားချက်ကတော့ Ability တစ်ခုဖြစ်တဲ့ Homing Missile ကို Force Staff တွန်းပြီး မြန်မြန်ထိအောင် လုပ်လို့ရတဲ့အချက်ပါပဲ။

Duration, Mana Cost, Cooldown အပြောင်းအလဲမရှိတဲ့ Flak Cannon ဟာ များများယူလေ Flask Count က 3/4/5/6 ဆိုတဲ့အတိုင်း များလာမှာဖြစ်ပါတယ်။ 365 Attack Range ရှိတဲ့ Gyrocopter ဟာ Unit တစ်ခုခုကို တိုက်ခိုက်မှုပြုလုပ်လိုက်တိုင်း 1000 AoE အတွင်းက Building, Courier, Ward မဟုတ်တဲ့ အခြား
Unit အားလုံးကို မိမိရဲ့ လက်ရှိ Physical Damage အတိုင်း အညီအမျှထိမယ့် ဒုံးကျည်များ ဖျာထွက်သွားမှာ ဖြစ်ပါတယ်။ မိမိ Lane က Enemy Hero ကို အလိုအလျောက် နှိမ်ထားပြီးသားဖြစ်စေမယ့် Flak Cannon ဟာ အသုံးပြုထားပြီး Building, Courier, Ward များပေါ်သို့ တိုက်ခိုက်ရင်တော့ Flak များ ပုံမှန်အတိုင်းထွက်မှာ ဖြစ်ပါတယ်။ ဒီ Flak Cannon များဟာ Gyro ရဲ့ Damage အတိုင်း သက်ရောက်နိုင်ပေမယ့် Gyro မှာ စပ်ထားတဲ့ Unique Attack Modifier မှာတော့ သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

Aghanim’s Scepter စပ်ထားရင် Cast Range 1000 ကနေ Global Cast Range ဖြစ်သွားစေမယ့် Ultimate Call down ကတော့ 600 AoEရှိတဲ့ Magic Nuke
Ability ဖြစ်ပါတယ်။ အသုံးပြု ပြီးနောက် 2 seconds အကြာမှာ ပထမဒုံးကျည်ကမြေပေါ်သက်ရောက်မှာဖြစ်ပြီး နောက်ထပ် 2 seconds အကြာမှာ ဒုတိယဒုံးကျည် သက်ရောက်ပါလိမ့်မယ်။ ပထမဒုံးကျည်မှာ 30% Movement Speed Slow ကို သက်ရောက်စေမှာဖြစ်ပြီး ဒုတိယဒုံးကျည်ကို ထပ်မံထိခဲ့မယ် ဆိုရင်တော့ 60% Movement Speed Slow ကို သက်ရောက်စေဦးမှာပါ။ ဒုတိယဒုံးကျည်ရဲ့ Movement Slow ဟာ 4 seconds ကြာချိန်ရှိပြီး ပထမဒုံးကျည်ထက် Damage ပမာဏနည်းပါတယ်။ ဒုတိယဒုံးကျည်ကို Damage များစေဖို့ Aghanim’s Secpter ထည့်နိုင်ပါတယ်။

Gyrocopter ရဲ့ အမည် Aurel Vlaicu ဟာ ၁၉ဝဝ ပြည့်နှစ်များကာလက ရိုမေးနီးယားလူမျိုးလေယာဉ်အင်ဂျင်နီယာ၊ စွန့်ဦးလေယာဉ်မောင်းသမားရဲ့ အမည်ကို ဂုဏ်ပြု၍ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ Gyro ဟာ Professional တန်းနဲ့ Public တန်းမှာ Thinking လုံးဝကွဲပြားနေတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ Pro ကစားပွဲတွေကြောင့် Mid Lane Carry ပုံစံနဲ့ မြင်တွေ့လာရပြီး Safe Lane ဆော့ပုံကတော့ ရေပန်းအစားဆုံးဖြစ်လျက်ရှိပါတယ်။ Flak Cannon ဟာ Ancient Creep Stack ကို စားရမှာ လွန်စွာ အသုံးဝင်ပြီး အထက်မှာပြောခဲ့တဲ့အတိုင်း Kill Participation မှာ ပါဝင်ရုံနဲ့ Kill Go ld, Assist Gold တွေ သောက်သောက်လဲဝင်စေမယ့် Ability ကောင်းတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် Pro တန်းမှာ Flak Cannon ကို ကြိုက်ကြပေမယ့် Public Matchmaking တွေမှာတော့ သူ့ထက် Ganking မှာ အသုံးပိုဝင်တဲ့ Homing Missile ကို ဒုတိယဦးစားပေး Ability အဖြစ် လူကြိုက်များခဲ့ပါတယ်။ Rocket Barrage ရဲ့ များပြားလွန်းတဲ့ Damage Output ကြောင့် အစောပိုင်း Hero kill အထောက်အကူပြုစေဖို့ Phase Boots ကို ရွေးချယ်ကြပေမယ့် လက်ရှိ v6.84 Patch မှာတော့ Power Tread ဟာ ပွဲနောက်ပိုင်းအထိ အသုံးဝင်နေတဲ့အတွက် လူစပ်နှုန်း ပြန်တက်လာပါတယ်။ Magic Damage Ability ၃ ခုပါဝင်လို့ Ethereal Blade နဲ့ တွဲဖက်ပြီး Hero တစ်ကောင်ကို အသေသတ်တဲ့ ပုံစံလည်းလူကြိုက်များပါတယ်။ Carry တို့ရဲ့ ထုံးစံအတိုင်း Plain Damage ပေါင်းတဲ့ Monkey King Bar, Butterfly တို့ကို ရွေးချယ်ကြပြီး မာဖို့လိုအပ်တဲ့အတွက် Satanic, Bkb တို့ဟာလည်း Gyro ရဲ့ အခြေခံ Item များအဖြစ် စပ်လေ့ရှိကြပါတယ်။ Dota မှာရှိသမျှ Hero အကောင် ၁၁ဝ ထဲမှာ Gyro ဟာ Divine Rapier စပ်ဖို့ အတန်ဆုံး Hero ၂ ကောင်အဖြစ် Medusa နဲ့အတူ ရပ်တည်လျက်ရှိပါတယ်။

www.dotaboo.com