Microsoft Outlook နှင့် Google Calendar ချိတ်ဆက်ခြင်း

15_selecting_what_options.jpg

Google Calendar အသုံးပြုပြီး မိတ်ဆွေသူငယ်ချင်း မွေးနေ့များ၊ အမှတ်တရနေ့များနှင့် အလုပ်နှင့် ပတ်သက်သည်များကို မှတ်သားထားသူများအတွက် Outlook Express email client နှင့် ချိတ်ဆက်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရုံးလုပ်ငန်းတွေမှာ အသုံးများတဲ့ Outlook Express email client မှာ Google Calendar ကို မချိတ်ဆက်ပေးထားတဲ့ အတွက် Google calendar ကိုအမြဲ အသုံးပြုနေကျတဲ့ သူတွေအနေနဲ့ သီးသန့် Google calendar ကိုသွားရောက် အသုံးပြုနေ ရပါလိမ့်မယ်။ ဒါကြောင့် အဆိုပါ ပြဿနာကနေ ဖြေရှင်းနိုင်ဖို့အတွက် Google calendar ကို outlook မှာချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

Microsoft Outlook နှင့် Google Calendar ကိုချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် Outlook Google Calendar Sync ဆိုတဲ့ဖိုင်ကို download ပြုလုပ်ပြီး ထည့်သွင်းပေးရပါမယ်။ အဆိုပါဖိုင်ကို http://goo.gl/y9olcK ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ သွားရောက်ရယူ နိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီဆိုရင် Run လိုက်ပါ။ Security Warning dialog box ပေါ်လာရင် Install ဆိုတဲ့ button ကို နှိပ်ရပါမယ်။

အဆိုပါ buttonကို နှိပ်ပြီးရင် Install ပြုလုပ်တဲ့ အဆင့်တွေကို ပြုလုပ်မှာ ဖြစ်တဲ့အတွက် ခဏစောင့်ပေးလိုက်ပါ။ Install လုပ်တဲ့ လုပ်ငန်းစဉ် ပြီးသွားပြီဆိုရင် အဆိုပါ Application ဟာသင့် email ထဲမှာ ဝင်ရောက်သိမ်းဆည်းမှာ ဖြစ်တဲ့အတွက် လက်ခံမှာလား ဆိုတာကိုမေးတဲ့ dialog box တက်လာပါလိမ့်မယ်။ ဒီနေရာမှာ Allow ဆိုတာကို နှိပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Outlook Google Calendar Sync မှာ Google Calendar နဲ့ ချိတ်ဆက်ဖို့အတွက် Settings ဆိုတဲ့ tab ကိုရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Google ဆိုတဲ့ tab ကိုရွေးချယ်ပေးပြီး Retrieve Calendars ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရပါမယ်။ နှိပ်ပြီးသွားရင်တော့ Web page တစ်ခုတက်လာမှာ ဖြစ်ပြီးအဆိုပါ Tool နဲ့ Outlook ချိတ်ဆက်မှုကို လက်ခံလား၊ မခံဘူးလား ဆိုတာကို မေးတဲ့နေရာ ရောက်ရှိပါလိမ့်မယ်။ ဒီနေရာမှာ Accept ကို နှိပ်ပေးရပါမယ်။

Accept ကို နှိပ်လိုက်ရင် Web page မှာ ဆက်လက်ရှေ့ဆက် သွားမှာဖြစ်ပြီး Outlook Google Calendar Sync Tool နဲ့ Out

look ချိတ်ဆက်ဖို့အတွက် Google Authorize Code ပေးမှာဖြစ်ပါတယ်။ အဆိုပါ code ကို copy ပြုလုပ်လိုက်ပါ။ ပြီးသွားရင် Outlook Google calendar Sync tool မှာ Authorize Google Access ဆိုတဲ့ box ကိုတွေ့ရပါမယ်။ copy ကူးထားတဲ့ code ကို paste ပြုလုပ်ပြီး ထည့်ပေးလိုက်ပါ။ နောက်တစ်ဆင့်ကတော့ Calendar ကို Google Tab အောက်ခြေမှာ Select ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် ဘယ်ဘက်အခြမ်းမှာရှိတဲ့ Sync Options ဆိုတာကိုနှိပ်လိုက်ပါ။ Direction မှာ Google ကနေ Outlook ကို ချိတ်ဆက်တဲ့ပုံကို ရွေးပေးရပါမယ်။ ပြီးသွားရင်တော့ Settings တွေကို နှစ်သက်သလို ချိန်ညှိပြီး Save button ကို နှိပ်လိုက်ရင် Outlook နဲ့ Google calendar ချိတ်ဆက်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။