Call to Arms နှင့်အတူ Strategy ဂိမ်းသစ်များ ထွက်ရှိ

Call-to-Arms.jpg

ခေတ်ပေါ် Modern  era တိုက်ပွဲဂိမ်းများကို နှစ်သက်သူများ အကြိုက်တွေ့စေမည့် Call to Arms နှင့်အတူ PC တွင် ကစားနိုင်မည့် Real Time Strategy ဂိမ်းသစ်များ ထွက်ရှိလာကြောင်း သိရသည်။

Call to Arms တွင် ကစားသူအနေဖြင့် ခေတ်ပေါ်ယဉ် မျိုးစုံနှင့်လက်နက်မျိုးစုံ ကိုင်တွယ်ထားသော တပ်သားများကို အမိန့်ပေးနိုင်ရုံသာမက အဆိုပါ unit များနေရာမှလည်း Third Person Shooter ဂိမ်းပုံစံ ဝင်ရောက်ပစ်ခတ်နိုင်မည်ဖြစ်သည်။ Call to Arms ဂိမ်းသစ်နှင့်အတူ Science Fiction RTS ဂိမ်းသစ်များဖြစ်သော Ashes of the Singularity နှင့် ကမ္ဘာတစ်ခုလုံးရှိ စစ်တပ်များကို ထိမ်းချုပ်နိုင်သော Planetary Annihilation – TITANS အစရှိသော ဂိမ်းသစ်များလည်း ထွက်ရှိလာကြောင်း သိရသည်။  GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။