TreeSize Professional

treesize_profess...-2093-1-34b0ab5.gif

TreeSize Professional ဆိုတဲ့ ဆော့ဖ်ဝဲကတော့ ကွန်ပျူတာထဲမှာ ထည့်သွင်း တပ်ဆင်ထားတဲ့ Hard Disk အသုံးပြု ထားပုံတွေကို အလွယ်တကူနဲ့ ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ Hard Disk အတွင်းမှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေနဲ့ ဆော့ဖ်ဝဲတွေကို ခွဲခြားဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

TreeSize Professional ဆော့ဖ်ဝဲဟာ Partition အပိုင်းချင်းတစ်ခုစီအလိုက် ထည့်သွင်းထားတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာစုပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ သီချင်းတွေအတွက်ဆိုရင် သီချင်းက ဘယ်လောက် အသုံးပြုထားတယ်၊ ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင်လည်း ဗီဒီယိုဖိုင်တွေအတွက် ဘယ်လောက် အသုံးပြုထားတယ်၊ အခြားသော ဖိုင်တွေအတွက် ဘယ်လိုအသုံးပြု ထားတယ် ဆိုတာကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ Hard Disk ရဲ့ နေရာတွေကို အလွယ်တကူနဲ့ စီမံခန့်ခွဲ နိုင်စေရန်အတွက် စီစဉ်ပေးထား တဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ Hard Disk အတွင်းမှာရှိတဲ့ နေရာလွတ်တွေကို အလဟဿ မဖြစ်စေရန် စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး၊ သုံးစွဲမှု ပြထားတာတွေကိုလည်း 3D Chart နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ နေရာလွတ်တွေကို စုစည်းပြီး အသုံးပြုနိုင်စေရန်အတွက်လည်း စီစဉ်ဖန်တီးပေးထားပါတယ်။

TreeSize Professional ဆော့ဖ်ဝဲရဲ့ သွင်ပြင်ကို သုံးစွဲသူတွေ အလွယ်တကူနဲ့ သုံးစွဲတတ်စေဖို့အတွက် စီစဉ်ဖန်တီးပေးထားပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ ဖန်တီးပေးထားသလို စတင်သုံးစွဲမယ့်သူတွေ အလွယ်တကူနဲ့ အသုံးပြု တတ်စေဖို့အတွက် ပြုလုပ်ပေး ထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hard Disk အသုံးပြုမှုတွေကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်စေဖို့အတွက်လည်း ပြုလုပ်ပေးထားပါတယ်။

အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ Download ပြုလုပ်နိုင်မှာဖြစ်ပြီး၊ Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစား က15.98 MB ခန့်သာရှိမှာ ဖြစ်ပါတယ်။ Windows XP မှစပြီး Windows 8 အထိ အသုံးပြုနိုင်အောင် စီစဉ်ဖန်တီးပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။