နိုင်ငံတကာကျောင်းသားများထဲမှ Rector Scholarship ကို ထပ်မံချီးမြှင့်ခံရသည့် မောင်လင်းဝေဖြိုး၏ Student Life

11872708_1077861312241560_1680976832_n.jpg

ဒီအပတ်မှာတော့ နိုင်ငံတကာ ကျောင်းသားများထဲမှ Rector Scholarship ကို ထပ်မံချီးမြှင့်ခံရတဲ့ တစ်ဦးတည်းသော မြန်မာကျောင်းသား မောင်လင်းဝေဖြိုး @ Kevin Linn ရဲ့ Student Life ကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။

လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းအမည်နဲ့ ရွေးချယ်ခဲ့တဲ့ ဘာသာရပ်ကိုပြောပြပေးပါ။

အမေရိကန်တက္ကသိုလ် ST.Louis ရဲ့ကျောင်းခွဲကိုးခုထဲမှ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ Webster University မှာ Human Resources Mana-gement နဲ့ Psychology ကို Double Major နဲ့သင်နေပါတယ်။

ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းနဲ့ ပညာသင်ဆုရရှိခဲ့ပုံလေး ရှင်းပြပေးပါ။

ဒီဘာသာရပ်ကိုရွေးချယ်ရတဲ့ အကြောင်းကတော့ Human Resource က ဘယ်နေရာ၊ ဌာနမဆို မရှိမဖြစ်လိုအပ်တယ်။ အသုံးဝင်တယ်။ Psychology ဘာသာရပ်ကလည်း လူသားတစ်ဦးစီအတွက် မရှိမဖြစ် အကျိုးပြုမယ့် ဘာသာရပ်ဖြစ်လို့ ဒီဘာသာရပ်များကို doubel major အနေနဲ့ယူလိုက်တာပါ။ ကျောင်းလခရဲ့ ၅၀ ရာခိုင်နှုန်းကို ပညာသင်ဆု အနေနဲ့ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ MSI ကနေလျှောက်ခဲ့တာပါ။ MSI က Webser University ရဲ့Exclusive Agent ဖြစ်တဲ့အတွက် MSI ကိုပဲ အစအဆုံး အပ်လိုက်တယ်။ MSI က ပညာသင်ဆု လျှောက်ပေးနေတယ် ဆိုတာကိုလည်း အသိတွေဆီက တစ်ဆင့်သိရတာပါ။

စီးပွားရေးဘာသာရပ်နဲ့ ပတ်သက်လို့ ဘယ် Area ကို Specialization အနေနဲ့ရွေးရမှန်း မသိသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘယ်လို လုပ်သင့်တယ်လို့ အကြံပေးချင်လဲ။

အဓိကက ကိုယ့်ရဲ့ဝါသနာကပဲအခြေခံပါတယ်လို့ တကယ်အကြံပြုချင်ပါတယ်။ MSI ရဲ့ Career Test ကိုဖြေကြပါ။ ဖြေပြီးမှ MSI နဲ့တိုင်ပင်ပြီး ဘာဆက် လုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ပါ။ အများကြီး အထောက်အကူပြုနိုင်ပါတယ်။

WUTC ရဲ့ Double Major က ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘယ်လိုအကျိုးရှိလဲ။ အလုပ်အကိုင်အခွင့်အလမ်းရော ဘာတွေရှိလဲ။

Double Major က Job အတွက် အများကြီးရွေးချယ် အထောက်အကူပြုနိုင်တယ်။ ကိုယ့်အတွက်အလုပ်ရှာတဲ့နေရာ ပိုပြီးကျယ်ပြန့်တယ်။ အခွင့်အလမ်းများတယ်။ ကျောင်းပြီး သွားလို့ အမေရိကန် ဘွဲ့ဒီဂရီကိုရတဲ့ အတွက် အဲဒီလက်မှတ်နဲ့ ဘယ်နိုင်ငံမှာမဆို အလုပ်ရှာဖို့လွယ်တယ်။

၅၀  ရာခိုင်နှုန်း ပညာသင်ဆုကို အမေရိကန်ဘွဲ့ဒီဂရီတစ်ခုလုံး အတွက် ပညာသင်ဆု ၄ နှစ်စာရပြီးတဲ့ကျောင်းသားတွေအနေနဲ့ WUTC မှာ Scholarship ထပ်မံလျှောက်ခွင့် ရှိလား။ ထပ်လျှောက်နိုင်မယ့် ပညာသင်ဆု အမျိုးအစားတွေနဲ့ လျှောက်ထားရမယ့် အချိန်ကာလ၊ အရည်အချင်း သတ်မှတ်ချက်လေးတွေ ပြောပြပေးပါ။

၅၀ ရာခိုင်နှုန်း Scholarship အပြင် Rector Scholarship ထပ်လျှောက်လို့ရပါတယ်။ ကျွန်တော်က Rector Scholaship ၃၀ ရာခိုင်နှုန်း ထပ်ရပါတယ်။ ကျောင်းလခရဲ့ ၃၀ ရာခိုင်နှုန်းကို ထပ်ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ အဓိကက ကြိုးစားမှုပဲဖြစ်ပါတယ်။ သတ်မှတ်ချက် GPA (3.65 and above) ရရပါမယ်။ Rector Scholarship က ကျောင်းသား နှစ်ယောက်ပဲ ခံစားခွင့်ရပါတယ်။ မြန်မာနိုင်ငံက ကျွန်တော်တစ်ဦးနဲ့ ကိုရီးယားကတစ်ဦးပါ။

WUTC မှာ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် အနေနဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံကိုပြောပြပေးပါ။

Culture မကွာတဲ့အတွက်ကြောင့် အားလုံးကောင်းပါတယ်။ ကျောင်းသားအချင်းချင်း ပေါင်းသင်းဆက်ဆံမှုပိုင်းနဲ့ မိဘနဲ့ကွဲကွာပြီး ကိုယ်ကိုယ်တိုင် ရပ်တည်ရတဲ့ အခါ တွေ့ကြုံရတဲ့ အတွေ့အကြုံသစ်တွေ ရပါတယ်။ အမေရိကန် University ဖြစ်တဲ့အတွက် University Student Life အတွေ့အကြုံရပါတယ်။

Webster  University  Campus  Thailand  (WUTC)  က  တခြားကျောင်းတွေနဲ့ မတူတဲ့ထူးခြားချက်နဲ့ ကွာခြားချက်ကကော။ Room Size နဲ့ Multicultural Community ရွေးချယ်မှုမှန်တယ်လို့ ထင်ပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေက Close-up ဖြစ်တော့ ဆရာတွေက ကျောင်းသားတစ်ဦးချင်းရဲ့ Profile ကိုသိနိုင်တယ်။ အခြား အချို့ကျောင်းတွေမှာ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသားဦးရေများတဲ့ အတွက် ဆရာတွေကကျောင်းသားတွေကို Take Care မလုပ်နိုင်ဘူး။

အမေရိကန်ပညာရေးကို သင်ကြားရတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ။

အမေရိကန်ပညာရေးဟာ ကြိုးစားရင်ကြိုးစားသလို အကျိုးကျေးဇူးတွေ များပါတယ်။ ကြိုးစားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာသင်ဆုတွေကို ကျောင်းမ တက်ခင်မှာရော၊ ကျောင်းတက်နေဆဲကာလမှာပါ ချီးမြှင့်လေ့ရှိတယ်။ အမေရိကန်ပညာရေးစနစ်ဟာ ကျောင်းသား လူငယ်တွေကို active ဖြစ်စေတယ်။ လူငယ်တွေကို positive thinker တွေဖြစ်စေတယ်။ Community အဖွဲ့အစည်းတွေနဲ့ လှုပ်ရှားတဲ့အတွက် လူမှု ဆက်ဆံရေးတွေကိုပါ နားလည်လာစေတဲ့အတွက် ကိုယ့်ရဲ့အရည် အချင်းတွေကို ပိုမြင့်လာစေတယ်လို့ ကျွန်တော်ယူဆပါတယ်။

နိုင်ငံခြားမှာကျောင်းတက်ဖို့ရွေးချယ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအတွက် အကြံပြုစကားပြောပေးပါဦး။

ရွေးချယ်တဲ့တက္ကသိုလ်က   ကိုယ့်အတွက် တကယ်အကျိုးရှိစေရမယ်။ ဘက်ပေါင်းစုံကပေါ့။ ပညာရေးအရည်အသွေး၊ ငွေရေးကြေးရေးပိုင်း၊ ကုန်ကျစရိတ်၊ ဘွဲ့ရပြီး အခွင့်အရေးက အဆုံး အဲဒါတွေအားလုံးကို သေချာစဉ်းစားရမယ်။