Ubuntu OS တွင် Online Content Result များကို ဖယ်ရှားခြင်း

08_online_content_fetching_off.jpg

Ubuntu OS အသုံးပြုသူတွေအနေနဲ့ Dash ကိုမကြာခဏ အသုံးပြုပြီး ကိုယ်လိုချင်တဲ့ app တွေကို ရှာဖွေအသုံးပြုတဲ့ အခါမှာ မလိုလားအပ်တဲ့ Online content search result များ ဖော်ပြပေးတာကို တွေ့ရမှာပါ။ ဒီလိုမျိုး online content search result တွေ ကြောင့် မျက်စိရှုပ်ပြီး အလွယ်တကူ ရှာဖွေမရဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ကိုယ်ရှာဖွေတဲ့ result ကို တိတိကျကျရအောင် ပြုလုပ်နိုင်ပါတယ်။

Local search result နဲ့ Online content search result တွေ ရောထွေးနေရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ Terminal ကနေ ပြုလုပ်တာဖြစ်ပြီး နောက်တစ်မျိုးကတော့ GUI ကနေပြုလုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Terminal ကနေ ပြုလုပ်ချင်သူတွေ အနေနဲ့အရင်ဆုံး Ctrl + Alt + T ကို နှိပ်ပြီး Terminal ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် gsettings set com.canonical.Unity.Lenses remote-content-search ‘none’ ဆိုတဲ့ command ကို Terminal မှာ ထည့်သွင်းပေးရပါမယ်။ အဆိုပါ command ကိုထည့်သွင်းပြီးရင် root access အတွက် Ubuntu OS မှာ အသုံးပြုနေတဲ့ ကိုယ့်ရဲ့ password ကိုရိုက်ထည့်ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဆိုရင်တော့ ကွန်ပျူတာကို Log out ပြု လုပ်ပေးလိုက်ပါ။ အထက်ပါ လုပ်ငန်းစဉ်တွေ ပြီးဆုံးပြီဆိုရင်တော့ dash ကို နှိပ်ပြီး app တွေကို ရှာဖွေကြည့်ရင် online content result များကို တွေ့မြင် ရတော့မှာ မဟုတ်ပါဘူး။

ဒုတိယ နည်းလမ်းကတော့ Unity bar မှာရှိတဲ့ System Settings ဆိုတာကို နှိပ်လိုက်ပါ။ Settings ထဲကို ရောက်သွားပြီဆိုရင် Personal Section ထဲမှာရှိတဲ့ Security & Privacy ဆိုတာကို နှိပ်ရပါမယ်။ ပြီးသွားရင်တော့ Search ဆိုတဲ့ tab ကိုရှာဖွေပြီး ရွေးချယ်ပေးလိုက်ပါ။ Search tab အောက်ကိုရောက်ပြီဆိုရင် When searching in the Dash: ဆိုတဲ့ ဘေးနားမှာ toggle ကိုတွေ့ရပါမယ်။ အဆိုပါ toggle ကို off ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ အဆိုပါ Settings ထဲကနေထွက်ပြီး Ubuntu OS ကို Log out ပြုလုပ်ပေးရပါမယ်။ Log out ပြုလုပ်ပြီးပြီဆိုရင် Ubuntu OS ပြန်တက်လာတဲ့အခါမှာ Dash ကနေ app တွေကို ရှာဖွေကြည့်ရင် local search result တွေကိုသာ ဖော်ပြပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ အထက်ပါနည်းလမ်း နှစ်မျိုးထဲက နှစ်သက်ရာကို ရွေးချယ်ပြီး ပြုလုပ်တယ်ဆိုရင် Ubuntu OS ပေါ်မှာ မလိုအပ်တဲ့ online search result တွေကို ဖယ်ရှားတဲ့ နည်းလမ်း ပြီးသွားပြီ ဖြစ်ပါတယ်။