Adobe မှ ဓာတ်ပုံများ တည်းဖြတ်နိုင်သော မိုဘိုင်း app တစ်မျိုး ထုတ်လုပ်ရန် စီစဉ်လျက်ရှိ

adobe-photoshop-rigel-overview-screenshot-SH-cnet-2015aug27-.jpg

Adobe Systems သည် Apple၏ iPhone နှင့် iPad အပြင် Android ထုတ်ကုန်များအတွက် ဓာတ်ပုံများ တည်းဖြတ်နိုင်သည့် Photoshop app သစ်တစ်မျိုးကို developer နှင့်ဖန်တီးမှု ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့သည့် Max ကွန်ဖရင့်တွင် မိတ်ဆက်ခဲ့သည်။

အဆိုပါ အခမဲ့ software အမည်မှာ လက်ရှိတွင် Project Rigel ဟုသာ အမည်ပေးထားပြီး ကွန်ပျူတာများပေါ်တွင် ရှုပ်ထွေးလှသည့် ပရိုဂရမ်ကို သုံးစွဲရလွယ်ကူစေရန် ဖန်တီးပေးထားသည်။ “Project Rigel ဟာ desktop မှာပါဝင်တဲ့ software ရဲ့ tool တွေကို  ကျွမ်းကျင်သူတွေ သုံးစွဲလို့ရမယ့် နည်းလမ်းတစ်ခုနဲ့ ဖန်တီးတည်ဆောက် ထားပါတယ်။ ဒါပေမယ့် အဲဒီ software မှာ လူတော်တော်များများ ကျွမ်းဝင်မှုမရှိတဲ့ content-aware fill သို့မဟုတ် spot healing လိုမျိုး Photoshop tool တွေ ပါဝင်လာတယ်။ ၎င်း tool တွေကို လွတ်လပ်လွယ်ကူစွာ သုံးစွဲနိုင်ပါတယ်”ဟု Adobe ၏ဒီဂျစ်တယ် ရုပ်ပုံဆိုင်ရာ အကြီးတန်းထုတ်ကုန် မန်နေဂျာ မာနူအာနန်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါ app တွင် touch screen interface ပါဝင်ပြီး  မျက်နှာပြင် အောက်ဘက်တွင် ဓာတ်ပုံများ တည်းဖြတ်မှု ပြုလုပ်နိုင်သော menu တစ်ခုလည်း ပါဝင်လာသည်။  အဆိုပါ option menu သည် မျက်နှာပြင်၏ ဘက်ဘက်ခြမ်းမှ tool ချိန်ညှိမှုများအဖြစ် ထွက်ပေါ်လာမည်ဖြစ်ကာ ဓာတ်ပုံ၏ နေရာတစ်ဝိုက်ကို မှတ်သားပြီး တည်းဖြတ်မှုများ ပြုလုပ်နိုင်ရန် တိကျသည့် အနီး၊ အဝေး ဆွဲယူကြည့်ရှုမှုများ ပြုလုပ်နိုင်သည်။ ထို့အပြင်၎င်း Project Rigel တွင် မျက်နှာများကို မှတ်သားပေးသည့် နည်းပညာပါဝင်သည်။ အဆိုပါ feature သည်ဓာတ်ပုံတွင်းရှိ လူ၏ပါးစပ်ကို ပြုံးစေရန်ပြုလုပ်ခြင်း၊ မျက်လုံးများစောင်းခြင်း သို့မဟုတ် ချဲ့ခြင်းပြုလုပ်နိုင်သည့် မျက်နှာပြင်ဆိုင်ရာ feature များလည်း ပါဝင်လာသည်။

Adobe အနေဖြင့် မိုဘိုင်း app များ ဖန်တီးလျက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ထွက်ရှိခဲ့သော Photoshop Touch မှာလူများ၏ စိတ်ဝင်စားမှု မရရှိခဲ့ပေ။ မေလတွင် Adobe သည် Project Rigel ကို အကြိုမိတ်ဆက်ခဲ့ချိန်တွင် Photoshop Touch ကိုဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် Adobe  သည် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်သော ဓာတ်ပုံတည်းဖြတ်သည့် Photoshop Express နှင့် ဓာတ်ပုံ ၂ ပုံကို ပေါင်းစပ်နိုင်သည့် Photoshop Mix မိုဘိုင်း app ၂ မျိုးကိုမူ ဆက်လက်ထောက်ပံ့ ထားသည်။

Ref : CNET