iPhone သစ် မိတ်ဆက်ပွဲကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည်

11924766_10153155205392825_50632707861099026_n.jpg

Apple သည် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် ပွဲတစ်ခု၌ iPhone သစ်နှင့် အဆင့်မြှင့်ထားသည့် Apple TV set-top box တို့ကို မိတ်ဆက်ပြသသွားဖွယ်ရှိသည်။ အဆိုပါ ပွဲကို စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။

၎င်းပွဲသည် ကုမ္ပဏီက iPhone 6 နှင့် iPhone 6 Plus တို့ကို မိတ်ဆက်ပေးခဲ့ပြီး တစ်နှစ်အတိတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ဖုန်းနှစ်မျိုးသည် Apple ၏ အရောင်းရဆုံး ထုတ်ကုန်များ ဖြစ်လာခဲ့ပြီး ကုမ္ပဏီကိုလည်း ကမ္ဘာ့အကျိုးအမြတ် အရရှိဆုံး အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်စေခဲ့သည်။ လက်ရှိတွင် Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံကျော်သည် iPhone ထံမှ ရရှိခြင်း ဖြစ်သည်။

Apple ၏ စက်တင်ဘာ ၉ ရက် ပွဲတွင် iPhone သစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိသည်။ နည်းပညာကုမ္ပဏီကြီးသည် ယခင် စမတ်ဖုန်းများ၏ အမည်ကို အခြေခံကာ iPhone 6S နှင့် 6S Plus တို့ကို မိတ်ဆက်ပေးမည်ဟု ယူဆရသည်။

သတင်းဖော်ပြချက်များအရ အသစ်ထွက်မည့် iPhone တွင် 4K ဗီဒီယို ရိုက်ကူးနိုင်သော 12-megapixel ကင်မရာ ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် iPad သစ်များကို iPhone မိတ်ဆက်ပြီးမှသာ ပွဲထုတ်မိတ်ဆက်ပေးလေ့ရှိသော်လည်း Buzzfeed ၏ ဖော်ပြချက် မှန်ကန်ခဲ့ပါက Apple ၏ စက်တင်ဘာ ပွဲတွင် iPad အသစ်များကိုလည်း မြင်တွေ့ရဖွယ်ရှိသည်။

Ref: CNET/USAToday