
Siri, Google Now တို့ကဲ့သို့ Microsoft Cortana ကို Windows 10 မှာ ထည့်သွင်းပေးထားပါတယ်။ Cortana Feature ဟာ Region တွေကိုလိုက်ပြီး အထောက်အပံ့ မပေးတာမျိုး ကြုံတွေ့နေရတယ် ဆိုရင် Cortana ကို Enable ပြုလုပ်ဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်လိုက်ရင် အလွယ်တကူနဲ့ Enable ပြုလုပ်ပေးနိုင်ပါတယ်။
Cortana ကို Enable ပြုလုပ်ဖို့အတွက် Start Menu ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Region & language Settings ဆိုတာကို ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် Region & language Settings box ကျလာမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Country or region ဆိုတဲ့နေရာမှာ United states ဆိုတာကို ရွေးပေးရပါမယ်။
ရွေးပြီးသွားရင် Speech ဆိုတဲ့ နေရာကိုသွားပါကိုယ်အသုံးပြုမယ့် ဘာသာစကားကို ရွေးချယ်ပေးရမှာဖြစ်တဲ့ အတွက် English (United States) ဆိုတာကို ရွေးချယ် ပေးလိုက်ပါ။
ရွေးချယ် ပြီးသွားပြီဆိုရင် အောက်ခြေမှာ ရှိတဲ့ Search box ကို နှိပ်လိုက်ပါ။ ဖော်ပြပေးထားတဲ့ အတိုင်း အဆင့်လိုက်ပြုလုပ်သွားရမှာဖြစ်တဲ့အတွက် Next button ကို နှိပ်ပါ။
Cortana ကို အသုံးပြုတဲ့ အတွက် Microsoft ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်ခံပေးရမှာ ဖြစ်တဲ့အတွက် I agree ဆိုတဲ့ button ကိုနှိပ်ပြီး ရှေ့ဆက်သွားရပါမယ်။
ပြီးသွားရင် ကိုယ့်ရဲ့ အမည်တစ်ခုကို ဖြည့်ပြီး Next ကို ထပ်နှိပ်ပါ။
အကယ်၍ Microsoft account မထည့်ထားရသေးဘူး ဆိုရင်ဒီနေရာမှာ Microsoft account တစ်ခုကို ထည့်သွင်းပေးရမှာ ဖြစ်တဲ့ အတွက်ကိုယ့်ရဲ့ Microsoft account တစ်ခုနှင့် password ကို ဖြည့်သွင်းပေးရပါမယ်။ နောက်တစ်ဆင့်ကတော့ အကောင့် မှန်ကန်ကြောင်းရှိမရှိ စစ်ဆေးတာဖြစ်တဲ့ အတွက် verify code ကို Microsoft email ထဲကနေ သွားရောရယူပြီး verification code ကို ဖြည့်သွင်းပေးရပါမယ်။
နောက် တစ်ဆင့်ကတော့ Cortana ကို Enable ပြုလုပ်ဖို့အတွက် Start Menu ကို နှိပ်လိုက်ပါ Cortana & Search settings ဆိုတာကို ရိုက်ထည့်လိုက်ရင် Cortana ကို Configuration ပြုလုပ်နိုင်ဖို့ အတွက် settings ထဲကို ရောက်သွားရင် Hey Cortana ဆိုတဲ့ နေရာမှာ On ပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Cortana ကို Enable ပြုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။