Toy Soldiers: War Chest

ToySoldiersWarChest2-NAL-Online-Gmaereview-2015Aug20.jpg

Gameplay ပိုင်းနှင့် graphics ပိုင်း အရမ်းကောင်းတဲ့ console အသစ်တွေ၊ exclusive ဂိမ်းသစ်တွေ ကြားမှာတောင် video game ပရိသတ်တွေအနေနဲ့ PC
ဘက်ကို အမြဲပြန်လှည့်အောင် အမြဲတမ်းဆွဲဆောင်နိုင်တဲ့ ဂိမ်းတွေကတော့ Strategy ဂိမ်းတွေနဲ့ MMORPG ဂိမ်းတွေပဲ ဖြစ်ပါတယ်။ Shooter ဂိမ်းတွေ Action
ဂိမ်းတွေမှာ controller ပိုကြိုက်တဲ့ ပရိသတ်၊ keyboard နှင့် mouse ပိုကြိုက်တဲ့ ပရိသတ်တွေ ကွဲနေပေမယ့် Strategy ဂိမ်းတွေနဲ့ Simulation ဂိမ်းအများစုကတော့ mouse ဖြင့်ကစားမှ အဆင်ပြေတယ်ဆိုတာ ကစားဖူးသူတိုင်း လက်ခံပြီးသားအချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ game developer တွေအနေနဲ့လည်း Strategy ဂိမ်းအများစုကို PC အတွက် အဓိကအသားပေး ထုတ်လုပ်လေ့ရှိသလို Strategy game sub-genre တစ်ခုဖြစ်တဲ့ Tower Defense ဂိမ်းအများစုဟာလည်း PC မှာ ပိုမို ထွက်ရှိလေ့ရှိပါတယ်။ ဒါပေမဲ့ developer အချို့ကတော့ PC မှာပဲကစားရတာ များတဲ့ DotA 2 လို MOBA ဂိမ်းတွေ၊ Strategy ဂိမ်းတွေကို Console မှာလည်း Controller နဲ့ ကစားလို့ အဆင်ပြေအောင် လုပ်လာတဲ့အခါမှာ SMITE လိုမျိုး MOBA ဂိမ်းတွေ၊ Toy Soldiers လိုမျိုး Strategy Action Hybrid ဂိမ်းတွေကိုတော့ PC ရော Console တွေမှာပါ ထွက်လာတာ တွေ့ရပါတယ်။

Ubisoft ရဲ့ Toy Soldiers ဂိမ်းစီးရီးဟာ အရင်ထွက်ထားတဲ့ Tower Defense နှင့် Action ဂိမ်းပေါင်းစပ်ပေးထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ရန်သူတွေ မိမိစခန်းထဲ မဝင်အောင် ခံတပ်တွေ ဆောက်ပေးပြီး ကာကွယ်ရမယ့် Strategy gameplay နှင့်အတူ Towers တွေကို ကိုင်တွယ်တဲ့ စစ်သားတွေ နေရာကပါ ကိုယ်တိုင်ဝင်ရောက် ပစ်ခတ်နိုင်တဲ့ Action gameplay ဂိမ်းပုံစံနှစ်မျိုး ပေါင်းစပ်ထားလို့ ပုံမှန် Tower Defense ဂိမ်းတွေထက် ကစားရတာ ပိုသွက်တဲ့ ဂိမ်းတစ် မျိုးဖြစ်တာ တွေ့ရပါတယ်။ Toy Soldiers လို့ အမည်ပေးထားတဲ့အတိုင်းပဲ အရုပ်ပုံစံ စစ်သားလေးတွေနဲ့ ပိုင်ရှင်ရဲ့ကစားကွင်း Toy Box အတွင်းကို ဝင်ရောက် ကျူးကျော်လာတဲ့ အခြားအရုပ်ကလေးတွေကို တိုက်ထုတ်ရတဲ့ ပုံစံမျိုး လုပ်ထားပါတယ်။ PC version မှာတော့ Digital Download ဖြင့် ဝယ်ယူရမှာဖြစ်ပြီး Toy Soldiers: War Chest Hall of Fame Edition လို့ အမည်ပေးထားတဲ့ PS4 နှင့် Xbox One version တို့မှာတော့ DLC Army တွေ အားလုံး တွဲပါပြီးသား ဖြစ်ပါတယ်။ စုစုပေါင်း Army ရှစ်ဖွဲ့ပါဝင်ထားပြီး အရင် Toy Soldiers ဂိမ်းတွေမှာ ပါဝင်ထားတဲ့ Kaiser စစ်တပ်နှင့်အတူ  ချစ်စရာကောင်းတဲ့ အရုပ်လေးတွေကနေ လူဆိုးပုံစံ အရုပ်တွေ အထိပါဝင်တဲ့ Starbright၊ Dark Side နှင့် Phantom တို့ကတော့ version တိုင်းမှာ ပါဝင်ထားပါတယ်။ Hall of Fame Edition မှာတော့ G.I.Joe တပ်နှစ်တပ်၊ He-Man Masters of the Universe နှင့် Assassin’s Creed ဂိမ်းထဲက Ezio တို့ ပါဝင်တဲ့ စစ်တပ်လေးတပ် ထပ်ပါထားပြီး Hall of Fame Edition မဝယ်ထားလို့ မပါလာရင်လည်း DLC အဖြစ် တပ်တစ်တပ်ကို 5$ ပေးပြီး ထပ်ဝယ်နိုင်ပါတယ်။

Singleplayer ရော Multiplayer ပါ ပါဝင်ထားပြီး Campaign သီးသန့် ကစားရင်တောင် နာရီနှစ်ဆယ်နီးပါး ကစားနိုင်မယ့် missions ပေါင်းများစွာ ပါဝင်ထား
ပါတယ်။ Gameplay ပိုင်းကတော့ controller ရော mouse/keyboard  ဖြင့်ပါ ကစားရတာ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ မြေပုံတွေရဲ့ အစမှာတော့
ထုံးစံအတိုင်း Turret တစ်ခုတည်း ဆောက်ရာကနေ ရန်သူတွေကို ပစ်ခတ်ရင်းရလာတဲ့ ငွေတွေနဲ့ နောက်ထပ် Tower အသစ်တွေ ဆောက်နိုင်မှာပါ။ Tower/Turret တွေ တင်နိုင်မယ့် platforms နေရာတွေကိုတော့ အကြီးအသေး ပုံစံနှစ်မျိုး ခွဲထားပေးပြီး heavy fire guns တွေ anti-aircraft guns တွေအတွက် platforms အကြီးစားတွေ ချပေးထားပြီး ground defense အတွက်ကိုတော့ platforms အသေးတွေပေါ်မှာ ဆောက်လုပ်နိုင်ပါတယ်။ သာမန် A.I ပစ်ပေးတဲ့ Turret တွေကလည်း ကောင်းပြီးသားဆိုပေမယ့် Turret တစ်ခုချင်းဆီကို ဆက်တိုက် လိုက်ထိမ်းပြီး ရန်သူတွေကို ကိုယ်တိုင်ပစ်ရတာက ပိုထိရောက်မှာဖြစ်သလို ပွဲကြာလာလို့ သတ်မှတ်ထားတဲ့ killstreaks တစ်ခုကို ရောက်ပြီဆိုရင်တော့ Turret building လိုမဟုတ်ဘဲ လမ်းလျှောက်နိုင်မယ့် Hero ဇာတ်ကောင်တွေ၊ Zeppelin Airship လိုမျိုး Unit အကြီးစားတွေ ထုတ်ပြီး ရန်သူတွေ စခန်းအထိပါ သွားတိုက်နိုင်ပါတယ်။  Tower Defense သီးသန့်ပုံစံ ကစားတာထက် တိုက်ပွဲထဲ ကိုယ်တိုင်ဝင်ပါတာက ပိုက်ဆံပိုရစေလို့ Tower သီးသန့်ထောင်ပြီး ကစားချင်သူတွေနဲ့တော့ အရမ်းမကိုက်ပေမယ့် ပစ်ခတ်မှုပိုင်းကလည်း တကယ့် Third Person Shootergame ဂိမ်းတစ်ခုကို ကစားနေရသလိုမျိုးဖြစ်လို့ shooting gameplay ပိုင်းကို သေသေချာချာ ကောင်းမွန်အောင် ပြင်ဆင်ထားတာ တွေ့ရမှာပါ။

Toy Soldiers: War Chest ဂိမ်းသစ်ဟာ အရုပ်ကလေးတွေ ပုံစံတစ်တပ်နှင့်တစ်တပ် ပုံစံကွဲပြားတဲ့ character design တွေ၊ ကောင်းမွန်သွက်လက်တဲ့ gameplay တွေနဲ့ ကြည့်ကောင်းတဲ့ graphics တွေကြောင့် Tower Defense နှင့် Shooter ဂိမ်းပရိသတ်အများစု သေချာပေါက်အကြိုက်တွေ့မယ့် အဆင့်မြင့် Strategy Action ဂိမ်းသစ်တစ်ခုဖြစ်တာ တွေ့ရ ပါတယ်။