Real Time Vehicle Tracking System (VT-1000)

Real-Time-Vehicle-Tracking-System-(VT-1000)-AT-Online-product-2015Aug18.jpg

Real Time Vehicle Tracking System (VT-1000) ကို မိမိပိုင် မော်တော်ယာဉ်များ၊ ကုမ္ပဏီပိုင် မော်တော်ယာဉ်များ၊ အဖွဲ့အစည်းပိုင် မော်တော်ယာဉ်
များအား ယာဉ်မောင်းနေစဉ်အချိန်တွင် ယာဉ်မောင်းနှင့်တကွ ယာဉ်၏ ဘေးကင်းလုံခြုံ စိတ်ချရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ အပြင် မော်တော်ယာဉ်ရောက်ရှိရာနေရာ၊ ယာဉ်၏ အမြန်နှုန်း၊ မိုင်ကီလိုမီတာ အကွာအဝေး၊ အရှိန်လွန်မောင်းနှင်ပါက Over Speed Alarm ပေးခြင်း၊ ယာဉ်လမ်းကြောင်းတစ်လျှောက် ဓာတ်ပုံရိုက်ယူနိုင်ခြင်းများအပြင် ယာဉ်မောင်းနှင့်လည်း (Two Way) စကားပြောဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် မလိုလားအပ်သော ဆီလစ်ဟာမှုများကို သိနိုင်သည့် Fuel Sensor နှင့် ယာဉ်မောင်းများ မူးယစ်သောက်စားပြီး မောင်းနှင်ခြင်းကို Alarm ပေးနိုင်သော Alcohol Sensor များ ပါဝင်ခြင်းကြောင့် ယာဉ်နှင့် ယာဉ်မောင်းများကြား မလိုလားအပ်သောဘေးအန္တရာယ် ကျရောက်ခြင်းမှလည်း ကင်းဝေးစေနိုင်မည်ဟု သိရသည်။ ယာဉ်ရောက်ရှိရာနေရာကို မိမိမိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူ တာဖြင့် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။  ဖုန်းဖြင့်ကြည့် မည်ဆိုပါက SMS ဖြင့်သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း မိမိ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝက်ဘ်ဆိုက်ပေါ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ GPS Real Time Tracking ကို GSM လိုင်း မိသော မည်သည့်နေရာတွင် မဆို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည် ဖြစ်သည်။ အာမခံအနေဖြင့် ဆားဗစ်တစ်နှစ် ပေးထားသည်။  LUCKY BIRD Group of Companies ဖုန်း ၀၁-၃၉၉၀၁၁၊  ၀၁-၃၇၉၈၇၅၊ ၀၉-၇၃၁၅၄၆၄၄ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။