_588815e789423.jpg)
၂၀၁၅ ခုနှစ် ဇူလိုင်လ၂၉ရက် နေ့တွင် သုံးစွဲသူများအတွက် တရားဝင် ဖြန့်ချိပေးခဲ့သည့် Windows 10 ကို Upgrade ပြုလုပ်ပြီးသူများ အနေနှင့် ယခင် Windows version အဟောင်းအား ဖယ်ရှားချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
Windows version အဟောင်း ရှိမရှိကို Drive C မှာ ကြည့်လိုက်ရင် Windows.old ဆိုတဲ့ ဖိုဒါကို တွေ့ရပါလိမ့်မယ်။ အဆိုပါ ဖိုင်ဟာ ယခင် အသုံးပြုတဲ့ Windows version အဟောင်းဖြစ်တဲ့အတွက် အဆိုပါ ဖိုင်များဟာ Hard Disk အတွင်းမှာ မလိုအပ်ဘဲ နေရာများစွာ ယူထားနိုင်တဲ့အတွက် အဆိုပါဖိုင်များကို ဖယ်ရှား ရှင်းလင်းရပါမယ်။
ယခင် version အဟောင်းကို ဖယ်ရှားဖို့အတွက် Start button ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Disk Cleanup ဆိုတာကို ရိုက်ထည့်လိုက်ပါ။ Disk Cleanup program ကို ဖွင့်လိုက်ပါ။
Disk Clean program ကို ဖွင့်ပြီးရင် Clean up system files ဆိုတာကို နှိပ်ရပါမယ်။
ပြီးသွားရင် Previous Windows Installation (s) ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်လိုက်ပါ။
အကယ်၍ Tempory ဖိုင်တွေကိုပါ ဖယ်ရှားရှင်လင်းချင်တယ်ဆိုရင် ကိုယ်ဖယ်ရှားချင်တဲ့ နေရာများမှာပါ အမှန်ခြစ်ထည့်၍ Ok ဆိုတာကို နှိပ်ပေးလိုက်ရင် ယခင်ဗားရှင်း အဟောင်းဖယ်ရှား ရှင်းလင်းတဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။