Windows 10 တွင် ပါဝင်သည့် Built-in app များကို Uninstall ပြုလုပ်ခြင်း

ximg_55bf8fadca00f.png.pagespeed.ic_.XsKyJ8y63f.jpg

Windows 10 အသုံးပြုသူများ Windows 10 မှာ ပါဝင်တဲ့ Built-in app တွေကို မလိုချင်တဲ့အခါမှာ အဆိုပါ app တွေကို Uninstall ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Windows 10 ရဲ့ PowerShell ကို အသုံးပြုရပါမယ်။ PowerShell ကို အသုံးပြုဖို့အတွက် Start Menu ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Windows PowerShell ဆိုတဲ့ Keyword ကို ရိုက်ထည့်ပြီး Right-click နှိပ်လိုက်ပါ။ Run as administrator ဆိုတာကို ရွေးချယ်ပြီး ဖော်ပြပါ command တွေကို ရိုက်ထည့်ကာ ဖြုတ်ချနိုင်ပါတယ်။

PowerShell ကို Command box တက်လာရင် Windows 10 မှာပါဝင်တဲ့ built-in app တွေကို ဖြုတ် ချဖို့အတွက် command ကို တစ်မျိုးတည်းသာ သုံးစွဲရမှာဖြစ်ပြီး ဖြုတ်ချမယ့် app တွေကိုတော့ command ကြားထဲမှာ ထည့်သွင်းပေးရပါမယ်။ ဥပမာ 3D Builder ကို Uninstall ပြုလုပ်ချင်တယ်ဆိုရင် Get-AppxPackage *3dbuilder* | Remove-AppxPackage ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ Built-in app ကို Uninstall ပြုလုပ်ရမယ့် command ကတော့ Get-AppxPackage * * | Remove-AppxPackage ဆိုတဲ့ command ဖြစ်ပြီး * နှစ်ခုကြားမှာ အဆိုပါ ကိုယ်ဖြုတ်ချချင်တဲ့ app နာမည်တွေကို ရိုက်ထည့်ပေးရပါမယ်။ ဥပမာ Alarms & Clock ကို Uninstall ပြုလုပ်ချင်တယ်ဆိုရင် Get-AppxPackage * windowsalarms* | Remove-AppxPackage ဆိုပြီး အသုံးပြုရပါမယ်။ app တွေ တစ်ခုချင်းစီကို ရည်ညွှန်း တဲ့ command list တွေကိုတော့ အောက်မှာဖော်ပြပေးထားပါမယ်။

Calculator = windowscalculator, Calendar and Mail = windowscommunicationsapps,
Camera = windowscamera, Office = officehub,
Skype = skypeapp, Groove Music = zunemusic,
Maps = windowsmaps, Solitaire = solitairecollection,
Money = bingfinance, Movies & TV = zunevideo,
News = bingnews, OneNote = onenote,
People = people, Phone Companion = windowsphone,
Photos = photos, Windows Store = windowsstore,
Sports = bingsports, Voice Recorder = soundrecorder,
Wealther = bingweather, Xbox = xboxapp,

ဆိုတဲ့ command တွေကို အထက်ဖော်ပြထားတဲ့ Command ရဲ့ * နှစ်ခုကြားမှာ ထည့်သွင်းပြီး အသုံးပြုနိုင်ပါ တယ်။ အကယ်၍ အဆိုပါ Built-in app တွေကို ပြန်ထည့်သွင်းချင်သူများ အတွက်ကတော့ –
Get-AppxPackage -AllUsers| Foreach {Add-AppxPackage -DisableDevelopmentMode -Register “$($_.InstallLocation)\AppXManifest.xml”}
ဆိုတဲ့ command တစ်ခုတည်းနဲ့ Built-in app တွေကို ပြန်လည်ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒါကတော့ Windows 10 ပေါ်က Built-in app တွေကို Uninstall ပြုလုပ်ခြင်း Reinstall ပြုလုပ်နိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါ တယ်။

Ref: howtogeek